Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသွားရာ ရာဇသင်္ဂဟလမ်းနှင့် စံပယ်လမ်းဆုံရှိ ဟိုတယ်များနှင့် တစ်ဆက်တည်းရှိသော လမ်းဘေးဝဲယာရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပမှုရှိစေရေး ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၃ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသွားရာ ရာဇသင်္ဂဟလမ်းနှင့် စံပယ်လမ်းဆုံအနီးရှိ ဟိုတယ်မျက်နှာစာနှင့် ဘေးပတ်ဝန်းကျင်တစ်လျှောက်ရှိ ဟိုတယ်များ၏ စနေနေ့ ပုံမှန် သန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ လာရောက်တည်းခိုစဉ် ဟိုတယ်များအတွင်း စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပစေ ရေးနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ စီစဉ်ဆောင်ရွက်ပေးနိုင်စေရေးအတွက် လိုက်လံကြည့်ရှု အားပေးသည်။ ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက နေပြည်တော်ကို Clean City၊ Green City၊ Smarty City ဖြစ်စေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ရာတွင် နေပြည်တော်ရှိ ဟိုတယ်များအနေဖြင့်လည်း မိမိတို့ ဟိုတယ်ပရိဝုဏ်နှင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်သန့်ရှင်းသာယာလှပရေး၊ ဟိုတယ်အဆောက်အအုံများ နိုင်ငံတကာအဆင့်မီ ကောင်းမွန်ပြီး အမြင်တင့်တယ်မှုရှိစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရေး၊ လာရောက်လည်ပတ် တည်းခို နေထိုင်ကြသည့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးရာတွင် ကျန်းမာရေးနှင့်ဘေး အန္တရာယ်ကင်းရှင်းလုံခြုံစိတ်ချရသော ဝန်ဆောင်မှုကောင်းများဖြစ်စေရေး မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရာဇသင်္ဂဟလမ်းဘေးဝဲယာရှိ ဟိုတယ်များသို့ သွား ရောက်ပြီး ဟိုတယ်ဝန်ဆောင်မှုပေးနေမှု၊ အမှတ်တရပစ္စည်းရောင်းချမှုတွင် ဒေသ ထုတ်ကုန်များ ပိုမိုထည့်သွင်းရောင်းချစေရေး၊ ဟိုတယ်ဝန်ထမ်းများ၏ စွမ်းဆာင်ရည် ပြည့်ဝမှု ရှိစေရေး၊ ခရီးသည်များ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံ စိတ်ချမှုရှိစေရေး၊ ဟိုတယ်များအတွင်း တပ်ဆင်ထားသော Walk Through၊ CCTV၊ X-ray Detector များကို စနစ်တကျဆောင်ရွက် ထားရှိစေရေး၊ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် Hotels Guest List Management System (HGLMS) အသုံးပြုမှု၊ မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားလာနိုင်ရေး (Barrier Free Tourism) အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ငွေထုတ်ယူမှုစနစ်အဆင်ပြေစေရေး ATM စက်များ တပ်ဆင်ထားမှု၊ ခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ လာရောက်တည်းခိုနေထိုင်ရေး အတွက် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ စနစ်တကျရှိစေရေးအတွက် ကြည့်ရှုစစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ် Source From: Kyemon`

Leave a Reply