Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

မုန့်ဖုတ်နည်းဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲနှင့် မုန့်ဖုတ်နည်းအခြေခံသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဇန်ဝါရီလ ၂၉ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော “ The Establishment of Bakery & Pastry Training Project” အစီအစဉ်ဖြင့် မုန့်ဖုတ်နည်းဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲနှင့် မုန့်ဖုတ် နည်းအခြေခံသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကို ရန်ကုန်မြို့ ၊ ဗိုလ်ဆွန်ပက်လမ်း ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Cultural Counsellor Mr. Panfeng ၊ ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ စီမံကိန်းမန်နေဂျာ၊ မုန့်ဖုတ်နည်းပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြ ပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Cultural Counsellor Mr. Panfeng နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာတို့က မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အမှာစကားများပြောကြားခဲ့ပါသည်။ ထို့နောက် မုန့်ဖုတ်နည်းအခြေခံသင်တန်း အမှတ်စဉ်(၆)သင်တန်းကို တက်ရောက်ခဲ့ကြသော သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ရန်ကုန်တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Cultural Counsellor ၊ ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ကအသီးသီးပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းအရ လက်ရှိအခြေအနေထိ မုန့်ဖုတ်နည်းအခြေခံသင်တန်းကို(၆)ကြိမ်ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ(၁၂၀)အောင်မြင်တက်ရောက်ပြီးစီးခဲ့ပြီးဖြစ်ပါသည်၊ မုန့်ဖုတ် နည်းဆရာ ဖြစ်သင်တန်းအမှတ်စဉ်(၁)ကို (၂၉-၁-၂၀၂၄)ရက်နေ့မှ (၂၆-၂-၂၀၂၄)ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ သင်တန်းသား/ သင်တန်းသူ(၂၀)ဦးအား ဆရာဖြစ်မုန့်ဖုတ်နည်းပညာရပ် များကို အတွေ့အကြုံရှိ ကျွမ်းကျင်ဆရာ/ ဆရာမများ မှ စာတွေ့လက်တွေ့သင်ကြားပို့ချ ဖွင့်လှစ်သွား  မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Leave a Reply