မုံရွာမြို့တွင် ဟိုတယ်တယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်၊ သြဂုတ် (၉) ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန၊ (မုံရွာ)ရုံးခွဲနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (စစ်ကိုင်းဇုန်)တို့ ပူးပေါင်း၍ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုးကို (၁၉.၈.၂၀၁၉)ရက်နေ့မှ(၁၄.၉.၂၀၁၉) ရက်နေ့ အထိ(၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး  သင်တန်းတက်ရောက်လိုသူများ အနေဖြင့် သင်တန်းဝင်ခွင့်လျှောက်လွှာသတ်မှတ်ချက်များနှင့် အညီ (၁၇.၈.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ချင်းတွင်းမြစ်ဟိုတယ်၊ ကျောက်ကာလမ်း၊ ရန်ကင်း ရပ်ကွက် ၊ မုံရွာမြို့သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်အသေးစိတ်အချက်အလက် များအား ဖုန်း ၀၉-၉၆၈၆၁၈၈၈၀ ၊ ၀၉-၆၉၁၂၃၁၄၄၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

About the author

Leave a Reply