Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

မုံရွာမြို့၌ COVID-19 Relief  Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ)သင်တန်း ဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ်လ (၁၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန (မုံရွာရုံးခွဲ) ၏ စီစဉ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အသင်း၏ပူးပေါင်းပါဝင်မှုဖြင့် COVID-19 ကြောင့် စီးပွားရေး ကျဆင်းလျက် ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၇.၈.၂၀၂၀)ရက်နေ့တွင် မုံရွာမြို့ King & Queen Hotel ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့် ခရိုင်အဆင့် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ တက် ရောက်ခဲ့ပြီး မုံရွာရုံးခွဲတာဝန်ခံမှ သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ ပါသည်။ အဆိုပါ COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ) သင်တန်းများကို ဟိုတယ်လုပ်ငန်းတွင် တိုက်ရိုက်ပါဝင်ပတ်သက်ဆက်စပ်လျက်ရှိသောဟိုတယ် ဝန်ထမ်းများ၊ မြန်မာ နိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်းမှ နည်းပြများဖြင့်သင်ကြားပို့ချသွား မည်ဖြစ်ပြီး ဟိုတယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဟိုတယ်ဝန်ထမ်းများ စုစုပေါင်း(၄၀)ဦးတို့ ပါဝင် တက်ရောက် လျက်ရှိကာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်းတက်ရောက် သူများအား ထောက်ပံ့ကြေးငွေ တစ်နေ့လျှင် (၄၈၀ဝိ/-) ကျပ် ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။ ယင်း COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(မွမ်းမံ)သင်တန်းကို (၁၇.၈.၂၀၂၀)ရက်မှစတင်ပြီး ရက်သတ္တပါတ်(၁)ပါတ်လျှင် တနင်္လာနေ့မှသောကြာနေ့အထိ (၅)ရက် နှုန်းဖြင့် ရက်သတ္တပါတ်(၃)ပါတ်(၁၅)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။