မော်လမြိုင်မြို့တွင် ဟိုတယ်၊ မိုတယ်၊တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကျင်းပ

နေပြည်တော်၊ ဇွန်လ (၇) ရက်

မွန်ပြည်နယ်စီမံကိန်း ၊ ဘဏ္ဍာရေး ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏ္ဏကျော် ဦးဆောင်၍ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်း(မော်လမြိုင်ဇုန်)မှ ဟိုတယ်၊မိုတယ်၊တည်းခိုရိပ်သာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားအား (၆.၆.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ငွေမိုး ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ မော်လမြိုင်ရုံးခွဲမှ ပြည်နယ်တာဝန်ခံနှင့်တာဝန် ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်၊မိုတယ်၊တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ကြပါသည်။


တွေ့ဆုံပွဲတွင် မွန်ပြည်နယ်စီမံကိန်း ၊ ဘဏ္ဍာရေး ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးကိုယ်စား မြို့နယ်ဦးစီးမှူး ဦးအောင်မြသာနှင့် မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးတို့က နိုင်ငံခြားသား များနှင့်ပတ်သက်၍ ဟိုတယ်၊ မိုတယ်တည်းခိုရိပ်သာ များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ နှင့်နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များ မေးမြန်း ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply