Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ဒေသဆိုင်ရာဖိုရမ်နှင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် အသုံးပြုမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန်လ ၁၇ မဲခေါင်သိပ္ပံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ကိုးရီးယားသမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်းကာ မဟာမဲခေါင် ဒေသအတွင်း မဲခေါင်-ကိုးရီးယားပူးပေါင်းဆောင်ရွက်ရေး ဒေသဆိုင်ရာဖိုရမ်ကို ယနေ့ နံနက်ပိုင်း တွင် Hybrid စနစ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်၌ကျင်းပသည်။ တက်ရောက် အခမ်းအနားသို့ ဘန်ကောက်မြို့ရှိ သက်ဆိုင်ရာအစိုးရဌာနများနှင့် သံရုံးများမှ ကိုယ်စား လှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ၊ တက္ကသိုလ်များ၊ နိုင်ငံတကာနှင့် ဒေသတွင်း သုတေသန နယ်ပယ်မှ ကိုယ်စားလှယ် ၅၀ ကျော်တို့က ကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ၊ အခြားသောအဖွဲ့ဝင်နိုင်ငံနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အွန်လိုင်းမှ တက်ရောက်ကြသည်။ အဆိုပါ ဖိုရမ်ကို မဲခေါင်ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး မူဘောင်၏ လက်ရှိ အခြေ အနေနှင့် ဦးတည်ဆောင်ရွက်မှုများကိုလေ့လာဆန်းစစ်နိုင်ရန်၊ မဲခေါင်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်များအောက်တွင် မဲခေါင်နှင့်မိတ်ဖက်နိုင်ငံနှင့် အဖွဲ့အစည်းများအကြား ပေါင်းစည်းမှုဆိုင်ရာ အကြံပြုချက်များကို လေ့လာအကဲဖြတ်နိုင်ရန်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊ ပုဂ္ဂလိက ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ ကျော် ပါဝင်တက်ရောက်ကြသည်။ ဆွေးနွေး အဆိုပါဖိုရမ်တွင် မဲခေါင်ဒေသ၏ နိုင်ငံရေးအခြေပြုစီးပွားရေးဆိုင်ရာကိစ္စရပ်များဖြစ်သည့် မဲခေါင်ဒေသတွင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် ပြင်ပမိတ်ဖက်များနှင့် ထိတွေ့ ဆက်ဆံရေးမူဘောင်များ၊ ပထဝီနိုင်ငံရေးဆိုင်ရာ မဟာဗျူဟာမြောက် ယှဉ်ပြိုင်မှုများနှင့် အနာဂတ် ကာလစိန်ခေါ်မှုများ၊ မဲခေါင်ဒေသအတွင်း နိုင်ငံတကာနှင့် ပြင်ပအဖွဲ့အစည်းများအကြား ထိတွေ့ ဆက်ဆံမှုများ၊ မဲခေါင်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကျယ်ပြန့်အောင် ပေါင်းစည်းဖော် ဆောင်ထူထောင်ရေးနှင့် မဲခေါင်ဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ သံရုံးများမှ ကိုယ်စားလှယ်များ၊ သုတေသနပညာရှင်များနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင် များက ဦးဆောင်ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့်ကိုယ်စားလှယ်များမှ သိလိုသည် များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးဖလှယ်ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန်ကာလများတွင် မဲခေါင် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးပြန်လည်ထူထောင်ရန်အတွက် လက်ရှိပူပေါင်းဆောင်ရွက်မှု မူဘောင် များကို အဆင့်မြှင့်တင်ရန် လိုအပ်မည့်အခြေအနေများ၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို အထောက်အကူပြုနိုင်မည့်အခြေအနေ များ၊ မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု မူဘောင်အပြင် အခြားသောဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှလည်း ပံ့ပိုးပူးပေါင်းဆောင်ရွက် ရန်လိုအပ်ချက်များနှင့် မြန်မာနိုင်ငံမှ မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်နေမှုများကို ပါဝင်ဆွေးနွေးသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS) အသုံးပြုမှု နှင့်စပ်လျဉ်း၍ ကျင်းပသည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က အမှာစကားပြောကြားသည်။ ယင်းနောက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် Myanmar Ease Net Co.,Ltd မှ တာဝန်ရှိသူ တို့က GLMS စနစ်အသုံးပြုမှုနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာကြသူများက  ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။ သတင်းစဉ် Source From: Kyemon

Leave a Reply