
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ကာလအလွန်တွင် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံရှိခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာ အကြောင်းအရာများကို Website များ၊ Online Channel များမှတဆင့် Digital Marketing နည်းလမ်းများဖြင့် မြှင့်တင်ကြော်ငြာပေးလျက် ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန်အတွက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များခေါင်းစဉ် ခွင့်ပြုချက်ဖြင့် Influencer Marketing လုပ်ငန်းများကိုဆောင်ရွက်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် ပြည်တွင်း/ ပြည်ပရှိ Influencer ၊ Blogger ၊ Vlogger ၊ Digital Marketing Agency များ၊ ကုမ္ပဏီများအနေဖြင့် (EOI) အဆိုပြုလွှာတင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
(က) EOI Form ရယူနိုင်သည့်နေရာ ဤနေရာ တွင်လည်းကောင်း ၊ အောက်ပါ QR Code ကို Scan ဖတ်၍လည်းကောင်း ရယူနိုင်ပါသည်။
(ခ) ဆက်သွယ်ရန်လိပ်စာ ခရီးမြှင့်တင်ရေးဌာနခွဲ(Digital Marketing) ၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃၃) ၊
နေပြည်တော်။
(ဂ) ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၆၇- ၄၀၆၄၇၆
(ဃ) ပေးပို့ရမည့် Email info@tourism.gov.mm , media@tourism.gov.mm
တင်ဒါကော်မတီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
