Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေသစ်နှင့်ပတ်သက်သော အကြောင်းအရာများအား ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ (၃၀) ရက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနနှင့်ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မူဆယ်ရုံးခွဲ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မူဆယ်ခရိုင်အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ တည်းခိုရိပ်သာ လုပ်ငန်းရှင်များ၊ ခရီးလှည့်လည်ရေးလုပ်ငန်းရှင်များ၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်များအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အသစ်ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား ထပ််ဆင့်ရှင်းလင်းပွဲအခမ်းအနားကို (၂၇-၉-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် မူဆယ်မြို့၊ ရွှေသီရိဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ မူဆယ်ရုံးခွဲတာဝန်ခံနှင့် အရာထမ်း၊ အမှုထမ်းများ၊ဟိုတယ်၊တည်းခိုရိပ်သာနှင့်ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာဧည့်လမ်းညွှန် များ၊ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မူဆယ်ရုံးခွဲတာဝန်ခံက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ဧည့်သည်များမှ သိရှိလိုသည့်မေးမြန်းမှု များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေစာအုပ်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply