Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည်

နေပြည်တော် ဒီဇင်ဘာ ၂၉ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် သုတေသနဆောင်ရွက်ပုံနည်းလမ်းများ အတိုင်း စနစ်တကျသုတေသန ပြုလုပ်ခြင်းမှတစ်ဆင့် ရရှိလာသည့် ကိန်းဂဏန်းအချက်အလက် များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအကြား ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်နှင့် သုတေသနတွေ့ရှိချက်များကို အခြေခံ၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခမ်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုစာရင်း အင်းအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ ဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး များမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲ တာဝန်ခံများ၊ မြန်နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက Video Conferencing ဖြင့် Online မှ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို သိရှိနိုင်စေရန်အတွက် ပြည်တွင်းပြည်ပခရီးသွားစစ်တမ်းများကို ကောက်ယူမည်ဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွားစစ်တမ်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင်မြို့ပေါင်း ၁၉ မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများ၊ ဝင်/ ထွက်ပေါက်များ၊ မီးရထားဘူတာရုံများတွင် ကောက်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနှင့် မူဆယ်မြို့များရှိ အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည်ဖြစ်ပါကြောင်း။ ယခုစစ်တမ်းကောက်ယူသွားမည့် ဝန်ထမ်းများအနေဖြင့် အတွေ့အကြုံရှိပြီးဖြစ်သူများ ပါဝင်သကဲ့သို့ ယခုမှစတင်ကောက်ယူမည့်သူများလည်း ပါဝင်သည့်အတွက် လိုက်နာဆောင်ရွက် ရမည့်နည်းလမ်းများကို သေချာလေ့လာသင်ယူပြီး အရည်အသွေးပြည့်ဝသော၊ ကိုးကားနိုင်သော ခရီးသွားလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ၊ တွေ့ရှိချက်များရရှိအောင်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြ စေလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေ သနကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး တိကျခိုင်မာသော စာရင်းအင်းအချက်အလက်များ ထုတ်ပြန် ကာ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရာတွင် တိကျမှန်ကန် သည့် မူဝါဒ၊ ပန်းတိုင်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက် က ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။ အဆိုပါ ခရီးသွားစစ်တမ်း ကောက်ယူမှုအစီအစဉ်အရ ပြည်တွင်း ခရီးသွားများကို ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ် Source From: Myanmar Alin

Leave a Reply