၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ကာလအလွန်တွင် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာ အကြောင်းအရာများကို Website များ၊ Online Channel များမှတဆင့် Digital Marketing နည်းလမ်းများဖြင့် မြှင့်တင်ကြော်ငြာပေးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင်လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်မှုရှိစေရန်အတွက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များ ခေါင်းစဉ်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Video များ (4K and HDR Quality Video များနှင့် 360° Video များ) စုစည်းရိုက်ကူးခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များ အနေဖြင့် EOI အဆိုပြုလွှာ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
(က) EOI Form ရယူနိုင်သည့်နေရာ
https://bit.ly/2Tbd8V9 တွင်လည်းကောင်း၊ အောက်ပါ QR Code ကို Scan ဖတ်၍ လည်းကောင်း ရယူနိုင်ပါသည်။
(ခ) ဆက်သွယ်ရန်လိပ်စာ
ခရီးမြှင့်တင်ရေးဌာနခွဲ (Digital Marketing) ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၃) ၊ နေပြည်တော်။
(ဂ) ဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၆၇- ၄၀၆၄၇၆
(ဃ) ပေးပို့ရမည့် Email – info@tourism.gov.mm
media@tourism.gov.mm
တင်ဒါကော်မတီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန21