09
Apr
မွန်ပြည်နယ်၏ ခရီးစဉ်ဒေသအချို့ကို ကန့်သတ်နယ်မြေအဖြစ်မှ ဖြေလျှော့ဆောင်ရွက်
နေပြည်တော်၊ ဧပြီလ (၉) ရက်
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာသွားလာလည်ပတ်နိုင်ရေး အတွက် ဘက်ပေါင်းစုံမှဖြေလျှော့မှုများ ဆောင်ရွက် လျက်ရှိရာ ယခင်နိုင်ငံခြားသားခရီးသွားဧည့်သည်များ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ် ထားသော မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအုပ်စုရှိ သပြေကျေးရွာဒေသအား ကန့်သတ် နယ်မြေ အဖြစ်မှ ဖြေလျှော့ပြီးဖြစ်ရာ အဆိုပါကျေးရွာဒေသသို့ နိုင်ငံခြားသားများ ခရီးသွားလာပါက ကြိုတင် ခွင့်ပြုချက်တောင်းခံရန် မလိုအပ်ကြောင်းနှင့် လမ်းခရီးလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တောင်းခံဆောင်ရွက်နိုင်ပါကြောင်း သတင်ရရှိပါသည်။