Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ယူနမ်ပြည်နယ် မန်စီနှင့် မန္တလေးမြို့အကြား တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်လည်စတင်

နေပြည်တော် ဇန်နဝါရီလ ၂၂ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့သော Ruili လေကြောင်းလိုင်း၏ မန္တလေး-မန်စီ-မန္တလေး (DR-503) ခရီးစဉ်သည် ယမန်နေ့တွင် ယူနန်ပြည်နယ် မန်စီမြို့မှ မန္တလေးမြို့သို့ ပထမဦးဆုံးသောခရီးစဉ်အဖြစ် ပြန်လည်ပြေးဆွဲခဲ့ကာ မန္တ‌လေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)သို့ ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဆိုက်ရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် တရုတ်နိုင်ငံသား ၂၆ ဦး ၊ မြန်မာနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၂၈ ဦး လိုက်ပါခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် MJas (Mitsubishi Cooperation-Jalux) Airport Services Co.,Ltd မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လိုက်ပါလာသည့် ခရီးသွားဧည့်သည်များ သွားလာလည်ပတ်ရာတွင် အဆင်ပြေစေရေးအတွက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးကောင်တာ၌ ခရီးသွားဆိုင်ရာ သတင်းအချက်အလက်များအား ရှင်းလင်းပြောကြားပြီး အထောက်အကူပြု လက်ကမ်းစာစောင်များ၊ QR Code များကိုဖြန့်ဝေပေးသည်။ အဆိုပါ လေယာဉ်ဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)မှ မန်စီမြို့သို့ တရုတ်နိုင်ငံသား ၂၅ ဦး၊ မြန်မာနိုင်ငံသား ၆ ဦး၊ စုစုပေါင်း ၃၁ ဦး လိုက်ပါ၍ ညနေ ၅ နာရီ မိနစ် ၄၀ တွင် ပြန်လည်ထွက်ခွာသွားသည်။ Ruili လေကြောင်းလိုင်းအနေဖြင့် မန်စီ-မန္တလေး-မန်စီ လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် သုံးရက်နှုန်း အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ပေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ် Source From: Myanmar Alin

Leave a Reply