Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ငပလီကမ်းခြေဆောင်းဦးပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ (၃၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ဖွဲ့စည်း ထားရှိသည့် ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ငပလီကမ်းခြေတွင်ပြုလုပ်မည့် ဆောင်းဦးပွဲတော်အခမ်းအနားကျင်းပရေးဦးစီး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတို့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းတွင် သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (စစ်တွေရုံးခွဲ) မှ ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၁၉) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ကော်မတီဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီ၏ ဒုတိယ ဥက္ကဌ၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးတို့က အမှာစကားပြောကြားခဲ့ကြပြီး ကော်မတီ အတွင်းရေးမှူးက ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၁၉) ကြိမ်မြောက်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များမှ သက်ဆိုင်ရာဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်သက်တမ်းတိုး လျှောက်ထား လာခြင်းများအပေါ် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ အဆုံးအဖြတ်ပေးရမည့် အမှာစာများကို ဖတ်ကြားရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များက ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း ရေးဆွဲနိုင်ရေးနှင့် ခရီးစဉ်ဒေသများနှင့် လိုက်လျောညီထွေဖြစ်စေမည့် အမိန့်၊ ညွှန်ကြားချက်များကို ရေးဆွဲပြဌာန်းနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း၌ လုပ်ကိုင်ဆောင်ရွက်နေကြသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် ဒေသတွင်း၌ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက် သွားရမည့် လုပ်ငန်းရပ်များနှင့်ပတ်သက်၍လည်းကောင်း ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ငပလီကမ်းခြေဒေသတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့၌ ကျင်းပပြုလုပ် မည့် “ငပလီကမ်းခြေဆောင်းဦးပွဲတော်” အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဆက်လက်ပြုလုပ်ရာ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းမှ ပွဲတော်အခမ်းအနားကျင်းပရေးအတွက် ပြင်ဆင်ထားရှိသည့် အစီ အစဉ်များကို ရှင်းလင်းပြောကြားပြီး ဦးစီးကော်မတီအတွင်းရေးမှူး၊ သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က ကြိုတင်ဖွဲ့စည်းထားရှိပြီးဖြစ်သည့် လုပ်ငန်းကော်မတီအဖွဲ့များနှင့် ၎င်းတို့၏ လုပ်ငန်း တာဝန်များကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် အစည်းအဝေးသို့တက်ရောက် လာကြသူများက ငပလီကမ်းခြေဆောင်းဦးပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင် ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ် ဦးညီပုက နိဂုံးချုပ်အမှာ စကားပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

Leave a Reply