Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့်စစ်တွေမြို့၌ Online Hotel Guest List Management System သင်တန်းများဖွင့်လှစ်သင်ကြား

နေပြည်တော်၊ အောက်တိုဘာလ (၂၅) ရက် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုအခြေအနေကို လွယ်ကူလျင်မြန်စွာ သိရှိပြီး လိုအပ်သည့် စိစစ်ကြပ်မတ်မှုများကိုဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်နယ်အတွင်းမှ လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာများ အနေဖြင့်လည်း ဧည့်စာရင်းတိုင်ကြားမှုများကို လွယ်ကူစွာဖြင့် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (စစ်တွေရုံးခွဲ) ၏ စီစဉ်မှုဖြင့် “Online Hotel Guest List Management System” သင်တန်းများကို (၂၂.၁၀.၂၀၁၉) ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ “SaeRi Guest House” ၌ လည်းကောင်း၊ (၂၄.၁၀.၂၀၁၉) ရက်နေ့တွင် စစ်တွေမြို့ရှိ “Royal Sittwe Resort” ဟိုတယ်၌ လည်းကောင်း ဖွင့်လှစ်သင်ကြားပေးပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(စစ်တွေရုံးခွဲ) မှ ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက တက်ရောက်၍ အဖွင့်အမှာစကားများပြောကြားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ နည်းပညာအကြံပေး IT ပညာရှင် ဦးသာထက်နှင့်အဖွဲ့မှ လိုင်စင်ရဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ ဧည့်သည်တည်းခိုမှုစာရင်းများ ပေးပို့ရာတွင် Online မှ ပေးပို့ခြင်း လုပ်ငန်းစဉ်များ ကိုလိုင်စင်ရဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝန်ထမ်းများအားလည်းကောင်း၊ Online ပေါ်မှ ပေးပို့လာ သော ဧည့်သည်စာရင်းများကို လက်ခံစိစစ်ခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအားလည်းကောင်း သင်ကြားပို့ချသည့် အချိန်ခွဲ၍ အသီးသီးရှင်းလင်းသင်ကြားပေးခဲ့ပါ သည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့်စစ်တွေမြို့တို့တွင် နေ့ရက်အလိုက် ဖွင့်လှစ်သင်ကြားပေးခဲ့သည့် “Online Hotel Guest List Management System”သင်တန်းများတွင် သက်ဆိုင်ရာဒေသရှိ လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ ဝန်ထမ်း (၄၆) ဦးနှင့် ဆက်စပ်ဌာနများမှတာဝန်ရှိသ ူ(၂၄) ဦးတို့ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်းသတင်းရရှိသည်။
About the author

Leave a Reply