Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဉီးအောင်ခမ်းထီနှင့်အဖွဲ့အားတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ (၆)ရက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဉီးသောင်းထွန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဉီးအုန်းမောင်တို့သည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဉီးဗရတ်ဆင်း၊ ဉီးတင်လတ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဉီးမင်းသူ၊ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးသန်းစိုးအောင် တို့နှင့်အတူ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဉီးအောင်ခမ်းထီ နှင့် အဖွဲ့အား ယနေ့ (၆-၁၂-၂၀၂၀)ရက်နေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပတ်ဝန်းကျင်ရှိ တိုင်းရင်းသား ကျေးရွာ(၁၄)ရွာတွင် ပါ၀င်သော ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများ တွင်  လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) အပါအဝင် ကျေးရွာအလိုက် သင့်လျော်သည့် ကျေးလက်ဒေသခရီးသွားလုပ်ငန်းများ ဖော်ဆောင် ရေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံတကာ အဆင့် မီထုတ်ကုန်များ အရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေး၊ ပအိုဝ်းတိုင်းရင်း သားဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များတိုးမြှင့်ရရှိစေရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှ တဆင့် လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်‌ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများအား သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။