Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီလ ၂၀ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။   ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများ ဆွေးနွေး တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် တစ်ခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်ရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးကြသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ခရီးသွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့များနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှ တာဝန်ရှိသူများနှင့် အင်းလျားကန်ဟိုတယ်၌တွေ့ဆုံပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းတစ်ရပ်အောင်မြင်အောင် ထိန်းကျောင်းတည့်မတ်ပေးခြင်းသာဖြစ်ပြီး ဖြေလျှော့ပေးရန် လိုအပ်သည်များကို ဖြေလျှော့ပေးနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံပွဲမှ ရရှိသော အကြံပြုဆွေးနွေးချက်များကို ပြန်လည်သုံးသပ်ကာ အစီအစဉ်များရေးဆွဲ၍ အချိန်တိုတိုဖြင့် ထိရောက်အောင် အသင်းအဖွဲ့များဖြင့်ပူးပေါင်း၍ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း။ ပြည်ပခရီးသွားများ တိုးတက်ဝင်ရောက်လာရေးအတွက် လုပ်ငန်းပိုင်းဆိုင်ရာနှင့် မူဝါဒပိုင်းဆိုင်ရာများ ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်ရန် လိုအပ်သည့်အတွက် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်ရေး အတွက်သာမက ပြည်တွင်းခရီးသွားလုပ်ငန်းကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့၏ ရည်မှန်းဈေးကွက်ကို နားလည်သဘောပေါက်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဖိတ်ခေါ်ရာတွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရာတွင် အဆင်ပြေစေရေးအတွက် လိုအပ်သည်များ ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။   ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက အသင်းလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိသော ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့်ပူးပေါင်း၍ သာယာလှပသည့် ခရီးသွားဆွဲဆောင်ရာနေရာများ ပေါ်ထွက်လာစေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   သတင်းစဉ် Source From: Myanma Alin

Leave a Reply