Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော် ၊ သြဂုတ်လ (၁၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဉီးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ၏ စီစဉ်ကြီးကြပ်မှု၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) နှင့် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအသင်းတို့ ပူးပေါင်းပါဝင်မှုဖြင့် ဖွင့်လှစ်သော COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းဖွင့်ပွဲအား ၁၀-၈-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ Yuzana Garden Hotel တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် COVID-19 ကြောင့် ကျဆင်းလျက်ရှိသော ဟိုတယ်များတွင် လုပ်ကိုင်လျက်ရှိသောဝန်ထမ်းများနှင့် COVID -19 ကြောင့် ဟိုတယ်များတွင် ခေတ္တရပ်နားထားသော ဟိုတယ် ဝန်ထမ်းများအား အရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဧည့်ကြို/အိပ်ခန်းဆောင် ထိန်းသိမ်းရေး၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု၊ Hotel Reservation နှင့် ကျန်းမာရေးဗဟုသုတဆိုင်ရာ ဘာသာရပ် (၄) ခုအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းတွင် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အသင်းမှဆရာ/ဆရာမများက ပို့ချသင်ကြားပေးလျက်ရှိပြီး ဘာသာရပ်တစ်ခုလျှင် သင်တန်းသား (၁၀) ဉီးစီဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ (၁၀-၈-၂၀၂၀)ရက်နေ့မှ (၂၈-၈-၂၀၂၀) ရက်နေ့အထိ (၁၅) ရက်ကြာ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် သင်တန်းတက်ရောက် သူများအား ထောက်ပံ့ကြေးငွေ တစ်နေ့ လျှင်(၄၈၀ဝိ/-)ကျပ် ထောက်ပံ့ပေးအပ်ပြီး သင်တန်းပို့ချပေးသော ဆရာများအား တစ်နေ့လျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။