27
Oct
ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း
နေပြည်တော်၊ အောက်တိုဘာ ၂၇ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ကြိမ် မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် အစည်းအဝေးခန်းမ (၄) ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီသည် ဟိုတယ်လုပ်ငန်းလိုင်စင် (၆)ခု၊ ဟိုတယ်တည်ဆောက်ခွင့် (၁)ခု ၊ တည်းခိုရိပ်သာ လိုင်စင် (၁)ခု၊ တည်းခိုရိပ်သာတည်ဆောက်ခွင့် (၁)ခု၊ စုစုပေါင်းအခန်း (၄၇၄) ခန်းတို့ကို အတည်ပြု ခွင့်ပြုပေးခဲ့ပြီး ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာလုပ်ငန်းအတွက် ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေ ပမာဏစုစုပေါင်းမှာ ကျပ်သိန်း (၂၃၁၁၁၀) ဖြစ်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။ အတည်ပြုပေးခဲ့သော လုပ်ငန်းလိုင်စင်အားလုံးမှာ ပြည်တွင်းအလုပ်အကိုင် အခွင့် အလမ်းပေါင်း (၁၈၄) ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ပြီး ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်တွင်း/ ပြည်ဝင်) (၁၀၂)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်ပ) (၆၅)ခု တို့လည်းခွင့်ပြုပေးခဲ့ပါသည်။ အစည်းအဝေးတွင် လိုင်စင်ဆိုင်ရာကိစ္စရပ်များအတည်ပြုပေးပြီးနောက် ဆက်လက်၍ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ စီမံဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။
ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် (၁/၂၀၂၃) ကြိမ် အစည်းအဝေး တွင် ဟိုတယ်လုပ်ငန်းလိုင်စင်(၆)ခု၊ တည်းခိုရိပ်သာတည်ဆောက်ခွင့် (၁)ခု၊ စုစုပေါင်းအခန်း (၂၁၇) ခန်းတို့ကို အတည်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဖြစ်သောဟိုတယ်လုပ်ငန်းအတွက် ခွင့်ပြု မတည်ငွေနှင့် ရင်းနှီးငွေပမာဏစုစုပေါင်းကျပ်သိန်း (၁၀၀၆၇၀) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၂၅) ဦး ခွင့်ပြုပေးနိုင်ခဲ့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီမှ ဟိုတယ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်သိန်း (၃၃၁၇၈၀) ကို ခွင့်ပြုပေး နိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၃၀၉)ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါ သည်။