05
Feb
ရုရှားဘာသာစကား (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီလ (၅) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ရုံးနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ငွေဆောင်ဇုန်)တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ရုရှားဘာသာစကား (အခြေခံ) သင်တန်းကို (၈-၁-၂၀၂၄) နေ့မှ (၂-၂-၂၀၂၄) နေ့အထိ ငွေဆောင်ကမ်းခြေ Yamonnar Oo ဟိုတယ်၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို (၂-၂-၂၀၂၄) ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ငွေဆောင်ကမ်းခြေ Yamonnar Oo ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ငွေဆောင် ဟိုတယ်ဇုန် လုပ်ငန်းရှင်များနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးတာဝန်ခံညွှန်ကြားရေးမှူး မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ များနှင့် နှစ်သိမ့်ဆုရရှိသူများအား သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့် ပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။