Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ရှမ်းပြည်နယ်တစ်ခုလုံးရှိ ဟိုတယ်/တည်းခိုရိပ်သာများ၏ ရင်နှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်

နေပြည်တော်၊ စက်တင်ဘာ (၂၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ စိစစ်မှုများဖြင့် ဟိုတယ်/တည်းခိုရိပ်သာ တည်ဆောက်ခွင့်နှင့် လုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ လိုင်စင်ရဟိုတယ်နှင့်တည်းခိုရိပ်သာ အရေ အတွက် (၂၅၃) လုံး ၊ အခန်း (၈၀၁၀)ခန်း ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ဟိုတယ် (၃၂) လုံး၊ အခန်း (၁၁၃၁) ခန်း၊ ၂၀၁၇ ခုနှစ်တွင် ဟိုတယ်(၃၀) လုံး၊ အခန်း (၁၀၃၄) ခန်း၊ ၂၀၁၈ ခုနှစ်တွင် ဟိုတယ်(၂၁)လုံး၊ အခန်း (၆၅၅) ခန်းနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဟိုတယ်(၂)လုံး၊ အခန်း(၉၀၄)ခန်းဖြင့် စုစုပေါင်း ဟိုတယ်(၁၀၄)လုံး၊ အခန်းအရေအတွက် (၃၇၂၄)ခန်း ရင်းနှီးမြှုပ်နှံမှုကျပ်သန်း(၉၅၆၉၆)ကျပ် ပိုမိုတိုးတက် များပြားလာခဲ့ပြီး ယနေ့အချိန်အထိ ဟိုတယ် (၃၅၇) လုံး၊ အခန်း(၁၁၇၃၄)ခန်း လုပ်ငန်းလိုင်စင် ရယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Leave a Reply