Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀) ကျင်းပ

လားရှိုး၊ ဒီဇင်ဘာ (၂၈) ရက် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) နှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀) ကို ယနေ့ (၂၈-၁၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သီပေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် သီပေါမြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီ (DMO) ဥက္ကဌ ဦးယဉ်ထွေးမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ဘဏ္ဍာရန်ပုံငွေမှ ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်တွင် ခွင့်ပြုရန်ပုံငွေဒေသဖွံ့ဖြိုးရေး One Township, One Village (ခေတ်မှီစံပြကျေးရွာ ရွေးချယ်နိုင်ရေးအတွက်) သီပေါမြို့နယ်အတွင်းမှ ကျေးရွာရွေးချယ်နိုင်ရန် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် သီပေါမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်/ရွေးကောက်ခံ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းအေး၊ သီပေါမြို့နယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်နှင့် ရွေးကောက်ခံ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းလောင်ဝ်ပိန်း တို့မှ One Township, One Village (ခေတ်မှီ စံပြကျေးရွာ ရွေးချယ်နိုင်ရေး အတွက်) သင့်လျော်သည့်ကျေးရွာကို ရွေးချယ်နိုင်ရန် ဆွေးနွေးမှာကြားခဲ့ပြီး၊ သီပေါမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ လားရှိုးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းမှ ကျေးရွာရွေးချယ်နိုင်ရန် လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးလုပ်ငန်းကော်မတီအဖွဲ့ဝင်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရှမ်းမြောက်)ဇုန် ဥက္ကဌ ဦးဇော်ဇော်နှင့် သီပေါမြို့နယ်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု ကော်မတီ (DMO) နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ ဆောင်ရွက်လိုသည့်လုပ်ငန်း များနှင့်လိုအပ်သည် များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးယဉ်ထွေး၊ သီပေါမြို့နယ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်/ ရွေးကောက်ခံပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းအေး၊ သီပေါမြို့ နယ်ပြည်နယ်လွတ်တော် ကိုယ်စားလှယ်ဦးစိုင်းခမ်းအောင်နှင့် ရွေးကောက်ခံပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးစိုင်းလောင်ဝ်ပိန်း၊ သီပေါမြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ လားရှိုးရုံးခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းတို့မှ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။