Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ၂/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်လ (၂၉) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ ၂၀၁၈ နှင့် အညီ ဖွဲ့စည်းခဲ့သည့် ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ၂/၂၀၂၀ အစည်း အဝေးကို (၂၆-၆-၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ အစည်းအဝေးသို့ ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်နှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရှမ်း ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က အမှာစကားပြောကြားပြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီး ရုံးခွဲ) ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က (၁/၂၀၂၀) အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင် ရွက်ပြီးစီးမှုများနှင့် (၂/၂၀၂၀) အစည်းအဝေး တင်ပြ ချက်များအား ရှင်းလင်းတင်ပြကာ ဟိုတယ် လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင် အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်း၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် အသစ် လျှောက်ထားခြင်းနှင့် သက်တမ်းတိုးတင်ပြမှုများကို ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ရှမ်းပြည်နယ်အတွင်း ခရီးစဉ် ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များဖွဲ့စည်းရေးဆိုင်ရာများ၊ Hotel Guest List Management System (HGLMS) အကောင် အထည် ဖော်ဆောင်ရေးဆိုင်ရာများ၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးရေးနှင့် ခရီးစဉ်သစ်များ ဖော်ဆောင်ရေး၊ COVID အလွန်တွင် New Normal ပုံစံဖြင့်ခရီးသွားလာရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန်ကိစ္စများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပါကြောင်း သတင်း ရရှိပါသည်။