လွိုင်ကော်မြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း အခမဲ့ဖွင့်လှစ်မည်

နေပြည်တော်၊ သြဂုတ် ၁၃ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်၊လွိုင်ကော်ရုံးခွဲ နှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း(ကယားဇုန်)တို့ပူးပေါင်း၍ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃)မျိုးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၂၀-၈-၂၀၁၉) ရက်နေ့မှ (၁၃-၉-၂၀၁၉) ရက်နေ့အထိ (၄) ပတ်ကြာ အခမဲ့သင်တန်းပို့ချသွားမည်ဖြစ်ပါသည်။

သင်တန်းဝင်ခွင့်လျှောက်လွှာကို သတ်မှတ်ချက်များနှင့်အညီ (၁၉-၈-၂၀၁၉) ရက်နေ့ နောက်ဆုံး ထား၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(လိုင်ကော်ရုံးခွဲ)သို့ လျှောက်ထားရမည်ဖြစ်ပြီး သင်တန်း ဝင်ခွင့် အသေးစိတ်အချက်အလက်များအား ၀၈၃-၂၂၂၁၀၇၈ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply