ဝါဆိုလပြည့်နေ့နောက်ပိုင်း၊ (၄၈) ရက်
မဟာမုနိဘုရား ဝန်းကျင်၊ မန္တလေးမြို့
ကစားသမားများက ၎င်းတို့၏ ခြေဖြင့်နောက်ပြန်ကန်ခြင်း၊ လှည့်ကန်ခြင်း၊ လက်ထောက်၍ ကင်းမြှီးကောက်ထောင်ခြင်း စသည့် ကျွမ်းဘား လှုပ်ရှားမှုပုံစံများဖြင့် ပြကွက်များ ပြလေ့ရှိကြပါသည်။
ဝါဆိုခြင်းလုံးပွဲတော်ကို မန္တလေမြို့၊ မဟာမြတ်မုနိဘုရားဝန်းထဲတွင် ဇူလိုင်လရောက်တိုင်း ကျင်းပလေ့ရှိပါသည်။ တစ်နိုင်ငံလုံးရှိ ကစားသမားများသည် ဝါဆိုခြင်းလုံးပွဲတော်ကို လာရောက်ယှဉ်ပြိုင်ကြပါသည်။ ခြင်းလုံးအားကစားသည် အဖွဲ့ဝင်(၆) ဦး ပါဝင်သော ကစားနည်းဖြစ်ပါသည်။ ကစားသမားများက ၎င်းတို့၏ ခြေဖြင့်နောက်ပြန်ကန်ခြင်း၊ လှည့်ကန်ခြင်း၊ လက်ထောက်၍ ကင်းမြှီးကောက်ထောင်ခြင်း စသည့် ကျွမ်းဘား လှုပ်ရှားမှုပုံစံများဖြင့် ပြကွက်များ ပြလေ့ရှိကြပါသည်။ ခြင်းလုံးအားကစားသည် ကစားသမားများက ၎င်းတို့၏ ကျွမ်းဘား လှုပ်ရှားမှုပုံစံများဖြင့် ခြင်းလုံးကို မြေပေါ်မကျစေရန် ယှဉ်ပြိုင်ကစားရသော ကစားနည်းဖြစ်ပါသည်။