(၁) နေ့ရက် | ၇-၃-၂၀၂၀ ရက်နေ့ | ၈-၃-၂၀၂၀ ရက်နေ့ |
(၂) အချိန် | နေ့လည် (၁၂:၀၀) နာရီမှ ညနေ ( ၁၆:၃၀) နာရီအထိ | နံနက် (၀၉:၀၀) နာရီမှ ညနေ (၁၆:၃၀) နာရီအထိ |
(၃) နေရာ | ဖူးကျင့်ဘုံကျောင်း၊ လမ်း(၃၀)၊ (၈၂) လမ်းနှင့် (၈၃) လမ်းကြား၊ မန္တလေးမြို့။ |
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
တရုတ်ဘာသာအထူးပြု ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း(မန္တလေး) သင်တန်းဝင်ခွင့်ဆိုင်ရာကြေငြာချက်
၁။ တရုတ်ဘာသာအထူးပြု ဒေသဆိုင်ရာဧည့်လမ်းညွှန်များမွေးထုတ်ရန်ရည်ရွယ်၍ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် တရုတ်ဘာသာအထူးပြု ဒေသဆိုင်ရာဧည့်လမ်းညွှန်အခြေခံသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ၁၀-၃-၂၀၂၀ ရက်နေ့မှ ၃-၄-၂၀၂၀ ရက်နေ့အထိ ဖွင့်လှစ်ပို့ချရန် သင်တန်းဝင်ခွင့် လျှောက်လွှာများ ခေါ်ယူထားပြီးဖြစ်ပါသည်။
၂။ လျှောက်ထားသူများ၏ ဘာသာစကားကျွမ်းကျင်မှုနှင့် ဧည့်လမ်းညွှန်ဆိုင်ရာ ဗဟုသုတများ အတွက် သင်တန်းဝင်ခွင့် ရေးဖြေ/နှုတ်ဖြေ စစ်ဆေးခြင်းကို အောက်ပါအတိုင်း စစ်ဆေးသွား မည်ဖြစ်ပါသည်-
(က) ဝင်ခွင့်ရေးဖြေ စစ်ဆေးခြင်း
(၁) နေ့ရက် – ၇-၃-၂၀၂၀ ရက်နေ့
(၂) အချိန် – နံနက် (၀၉:၀၀ )နာရီမှ (၁၁:၀၀) နာရီအထိ
(၃) နေရာ – ဖူးကျင့်ဘုံကျောင်း၊ လမ်း (၃၀)၊ (၈၂)လမ်းနှင့် (၈၃) လမ်းကြား၊ မန္တလေးမြို့။
၃။ အထွေထွေဗဟုသုတရေးဖြေမေးခွန်းကို Multiple Choice Question များဖြင့် မန္တလေး ဒေသအကြောင်း (၅၀)% ၊ ညွှန်ကြားချက်များနှင့် ခရီးစဉ်ဒေသကြေညာချက်များမှ (၂၅)%၊ အထွေထွေခရီးသွားဗဟုသုတများမှ (၂၅) %ဖြင့် စစ်ဆေးသွားပါမည်။
(ခ) ဝင်ခွင့်နှုတ်ဖြေစစ်ဆေးခြင်း
-၂-
၄။ သင်တန်းဝင်ခွင့်နှုတ်ဖြေစာမေးပွဲစစ်ဆေးရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၁)ဦး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ကိုယ်စားလှယ် (၁)ဦး၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှဆရာ/ဆရာမ(၁)ဦး၊ ဧည့်လမ်းညွှန်များအသင်း(မန္တလေးဇုန်)မှ ကိုယ် စားလှယ် (၁)ဦး၊ ခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)မှ ကိုယ်စားလှယ် (၁)ဦး၊ စုစုပေါင်း အဖွဲ့ဝင် (၅)ဦး ပါဝင်သော အဖွဲ့ဖြင့် အောက်ပါအချက်များကို စစ်ဆေးသွားမည်ဖြစ်ပါသည်-
(က) ကိုယ်ရည်ကိုယ်သွေးရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း၊ အထွထွေဗဟုသုတပြည့်စုံခြင်း။
(ခ) ခရီးအတွင်း တွေ့ကြုံနိုင်မည့် အခြေအနေများအား ဖြေရှင်းဆောင်ရွက်နိုင်ခြင်း၊ ဘာသာစကားကျွမ်းကျင်မှုရှိခြင်း၊ ဒေသန္တရဗဟုသုတပြည့်စုံခြင်းနှင့် ပြေပြစ်စွာ ပြောဆိုနိုင်ခြင်း။
(ဂ) သက်ဆိုင်ရာဘာသာစကားကို သွက်လက်စွာပြောဆိုနိုင်ခြင်း၊ ကျိုးကြောင်းဆီလျော်မှု ရှိခြင်း၊ အကြောင်းအရာပေါ် မှန်ကန်စွာတုံ့ပြန်နိုင်ခြင်းနှင့် သဘောပေါက်နားလည်မှု ရှိခြင်း။
၅။ သင်တန်းဝင်ခွင့်အောင်စာရင်းကို ၉-၃-၂၀၂၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဤဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(ရန်ကုန်)နှင့် သက်ဆိုင်ရာမန္တလေးတိုင်းဒေသကြီးရုံးခွဲ များ၏ Website, Facebook Page များနှင့် ဖူးကျင့်တရုတ်ဘုံကျောင်းတို့တွင် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ပါသည်။
၆။ ရုံးချိန်အတွင်း (နံနက် (၀၉:၃၀)နာရီမှ (၁၆:၃၀)နာရီထိ) ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ၀၆၇- ၄၀၆၁၀၅
(ခ) ၀၂-၄၀၆၀၃၆၉၊ ၄၀၆၆၆၂၄
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန