Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် မွန်ပြည်နယ်သို့ သွားရောက်ကာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာလ (၁၀) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်နှင့်အဖွဲ့သည် ဝန်ကြီး ဌာနမှ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အကူအညီဖြင့် “အရှေ့အနောက်စီးပွားရေးလမ်းကြောင်း တစ်လျှောက်ရှိ နွမ်းပါးသူများနှင့် အမျိုးသမီးများအတွက် စီးပွားရေးစွမ်းဆောင်မှုမြှင့်တင်ရေး စီမံကိန်း” အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များရှိ လုပ်ငန်းဆောင်ရွက်နေမှု များအား သွားရောက်ကြည့်ရှု စစ်ဆေးရန်အတွက် မွန်ပြည်နယ်သို့ သွားရောက်ခဲ့ပါသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၈.၁၂.၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ ဝါးဖြင့်ပြုလုပ်သည့် လက်မှုပစ္စည်းထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် အထောက်အကူပြုအဆောက်အဦနှင့် မမှိုချောင်ကျေးရွာရှိ သစ်သီးခြောက်နှင့် သစ်သီးယိုထုတ်လုပ် ရန်အတွက် အထောက်အကူပြုအဆောက်အဦတို့အား လည်းကောင်း၊ ချောင်းဆုံမြို့နယ် ၊ ကုလားဘီ ကျေးရွာရှိ ဝါးဖြင့်ပြုလုပ်သည့် လက်မှုပစ္စည်းထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် အထောက်အကူပြု အဆောက်အဦအား လည်းကောင်း၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်ရှိ  သတင်းနှင့်ပြန်ကြားရေး ကောင်တာ ဖွင့်လှစ်ထားသည့် အဆောက်အဦအား စီမံကိန်းမှ ထွက်ရှိသည့် ထုတ်ကုန် များ ခင်းကျင်း ပြသရောင်းချနိုင်ရန်အတွက် ဘက်စုံသုံးအဆောက်အဦအဖြစ် ပြောင်းလဲဆောက်လုပ်မည့်အခြေ အနေတို့အားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်ရှိ ဟိုတယ်/တည်းခို ရိပ်သာလုပ်ငန်းရှင်များ ၊ ခရီးလှည့်လည်ရေး လုပ်ငန်းရှင်များ၊  ဧည့်လမ်းညွှန်များ ၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များကို ငွေမိုးဟိုတယ်၌ တွေ့ဆုံ၍ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့နယ် သိမ်ကုန်းကျေးရွာတွင် ဆောက်လုပ် လျက်ရှိသည့် ယက္ကန်းယက်လုပ်ရန်နှင့် သဘာဝဆိုးဆေးထုတ်လုပ်ရန်အတွက် အထောက်အကူပြု အဆောက်အဦ တည်ဆောက် နေမှုအ​ခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
About the author

Leave a Reply