Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ် Mr. Bhim K. Udas အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ (၁၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် မြန်မာ နိုင်ငံဆိုင်ရာ နီပေါသံအမတ် Mr. Bhim K. Udas အား (၂၇.၁၁.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် Mr. Bhim K. Udas က ပြည်ထောင်စုဝန်ကြီးအား (၃၁.၁၂.၂၀၁၉) ရက်နေ့တွင် နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့၌ ကျင်းပပြုလုပ်မည့် နီပေါနိုင်ငံ၏ ခရီးသွားနှစ် “Visit Nepal Year 2020” သို့  တက်ရောက်စေ လိုကြောင်း၊ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ကြီးများကို ဖိတ်ကြားထားပါကြောင်း ပြောကြားရာ ပြည်ထောင်စုဝန်ကြီးက ယခုလို လာရောက် ဖိတ်ကြားသည့်အတွက် အထူးဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း နီပေါနိုင်ငံ ၏ ခရီးသွားနှစ် “Visit Nepal Year 2020” သို့ တက်ရောက်ရန် ဖိတ်ကြားစာပေးပို့ထားပါသဖြင့် အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသို့လာရောက်သော နီပေါနိုင်ငံသမ္မတ Mrs. Bidhya Devi Bhandari ၏ ချစ်ကြည်ရေးခရီးစဉ်တွင် မြန်မာ-နီပေါခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း ပြောကြားကာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
About the author

Leave a Reply