Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် H.E. Mrs. Luan Thuy Duong အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ (၁၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် မြန်မာ နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် H.E. Mrs. Luan Thuy Duong အား (၃.၁၂.၂၀၁၉) ရက်နေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်စေရန် ပိုမိုဆောင်ရွက် လျက်ရှိရာ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံသို့ Study visit နှင့် Scholarship Program များ ပေးအပ်ရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
About the author

Leave a Reply