Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်သည် ကယားပြည်နယ်သို့ သွားရောက်ကာ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီလ (၁၆) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်သည် ကယားပြည် နယ်သို့ သွားရောက်၍ ကယားပြည်နယ်အတွင်းရှိ ခရီးစဉ်ဖွံ့ဖြိုးရေးဆိုင်ရာများကို ရှာဖွေဖော်ထုတ် နိုင်ရန်နှင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအားဆွဲဆောင်နိုင်မည့် ခရီးစဉ်ဒေသများအားကွင်းဆင်း ကြည့်ရှုရာ (၁၄-၁-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပါလောင်း ကျေးရွာအနီးရှိ ကြတ်ဂူသို့ သွားရောက်ကာ ခရီးသွား လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများ၊ ဗုဒ္ဓ ဥယျာဉ်တွင် စတုတ္ထအကြိမ်မြောက် မြန်မာ-ဂျပန်ချစ်ကြည်ရေးအထိမ်းအမှတ် ချယ်ရီပန်းပင် စိုက်ပျိုးမည့် မြေနေရာပြင်ဆင်ထားရှိမှုနှင့် ထီးစဲ့ခါးရေတံခွန်သို့သွားရောက်ကာ ခရီးစဉ် နေရာအားပိုမို သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်နိုင်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရေးကိစ္စရပ်များကို လမ်းညွှန်မှာကြား ခဲ့ပါသည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ကယားပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးမော်မော်၊ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ကယား ပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ခရီးစဉ်ဒေသအသစ် ဖော်ဆောင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်။ ခရီးစဉ်အတွင်း ဒုတိယ၀န်ကြီးသည် ကယားပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဉီးအယ်လ်ဖောင်းရှို နှင့်အတူ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပြည်တော်သာဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတိုက်ဦးစီးပဓာန နယက သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဇဝနတို့နှင့်အတူ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာ ကျေးရွာအုပ်စု၊ ငံရိုးကျေးရွာသို့ သွားရောက်ပြီး  ငံရိုးကျေးရွာ၊ ငံရိုး သာသနာပြု ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်တော်မူမည့် “ ပြည်တော်သာငြိမ်းချမ်းရေး” စေတီတော် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား ပြင်ဆင်ထားမှုများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။  
About the author

Leave a Reply