Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်လ (၁၆) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ခရီးသွားလုပ်ငန်းကော်မတီနှင့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးများ ကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇွန် (၁၆) ရက်နေ့၊ နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် လုပ်ငန်းကော်မတီများအလိုက် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မကြာမီကျင်းပပြုလုပ်မည့် ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးနှင့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးကြစေလိုကြောင်း၊ အစိုးရသစ်တာဝန်ယူသည့် (၄) လတာ ကာလ အတွင်း အချို့သော တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဟိုတယ်နှင့်ခရီးသွားလု်ပငန်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း။ ဝန်ကြီးဌာနအနေဖြင့် COVID-19 အလွန် ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ Pilot Project များ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ခရီးသွားဈေးကွက်ရှာဖွေ မြှင့်တင်ခြင်းပါဝင်သည့် အဆင့် (၃) ဆင့်သတ်မှတ်၍ ဆောင်ရွက်ခဲ့ရာ ပထမအဆင့်ဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ Pilot Project များအနေဖြင့် စက်ဘီးစီးပြိုင်ပွဲကျင်းပခြင်း၊ အထူးဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ခရီးသွားလုပ်ငန်းပါဝင်မြှင့်တင်ဆောင်ရွက်ခြင်း၊ ရိုးရာလှေပြိုင်ပွဲ၊ တိုင်းရင်းသားပွဲတော်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကျင်းပရေး စီမံချက်များပါဝင်ကြောင်း၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်မှု အခြေအနေပေါ်မူတည်၍ ခရီးသွားလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် ခရီးစဉ်ဒေသများအလိုက် ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီများ Destination Management Organization (DMOs) များနှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအား လက်တွဲခေါ်ယူ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးကို အထောက်အကူပြု မည်ဖြစ် ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများကဲ့သို့ COVID-19 ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ အဆင့်များသတ်မှတ်၍ ခရီးသည်များ ဖိတ်ခေါ်ရန် Inbound Tourism, Border Tourism များကို လည်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို အသေးစိတ် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

Leave a Reply