Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်သည် ခရီးသွားလုပ်ငန်းနှင့် အခြေခံဧည့်ဝန်ဆောင်မှုသင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ညီနောင်အသင်းအဖွဲ့များအား တွေ့ဆုံခြင်း

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၅) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့ (၂၅.၁.၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ကျင်းပပြုလုပ် သည့် ခရီးသွားလုပ်ငန်းနှင့် အခြေခံ ဧည့်ဝန်ဆောင်မှုသင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနား သို့ တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက ပြောကြားရာ တွင် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုသင်တန်းကျောင်းမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနအဖြစ် အမည်ပြောင်းလဲအဆင့်မြှင့်တင်ပြီးနောက် ပထမဆုံး သင်တန်းဆင်းပွဲအခမ်းအနား ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအတွက်ရော ဝန်ကြီးဌာနအတွက်ပါ ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ Luxembourg Development Cooperation Agency ၏ ပံ့ပိုးမှုဖြင့် ဧည့်ဝန်ဆောင်မှု (အခြေခံ) သင်တန်းများဖြစ်သော ဧည့်ကြို Front Office သင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်း ရေး Housekeeping သင်တန်း၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှု F&B Service သင်တန်းနှင့် အစားအစာချက်ပြုတ် Food production သင်တန်းတို့ကို စတင်ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့ရာ ယခုဆိုလျှင် အမှတ်စဉ် (၂၆) ထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသားဦးရေ (၁၁၄၀) ဦး မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ထပ်မံပြီး ၂၀၁၈ ခုနှစ်မှစ၍ ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများ ဖြစ်သည့် Certificate 1,2,3 in Travel & Tourism သင်တန်းများ၊ ဧည့်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများ ဖြစ်သည့် Certificate 1,2,3  in Hospitality သင်တန်းများ၊ Professional Cook (or) Assistant Cook (အစားအစာချက်ပြုတ်သည့် ၃ လ သင်တန်းများ) ကို ASEAN စံနှုန်း၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ တိုးချဲ့ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၂၀၄) ဦး မွေးထုတ် ပေးနိုင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အာဆီယံ စံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ သင်တန်းသားများအား သင်တန်းပေးရုံတင် မဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေးတို့ကို ပြောကြားခဲ့ပါ သည်။ ထို့နောက် သင်တန်းအလိုက် ထူးချွန်ဆုရရှိသူများအား ဒုတိယဝန်ကြီးနှင့် အသင်းအဖွဲ့ တာဝန်ရှိသူများမှ ဂုဏ်ပြုဆုပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့် တက်ရောက်သူများ အားလုံး ရင်းရင်းနှီးနှီး တွေ့ဆုံပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားအား (၁၁:၀၀) အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်မြို့တွင် ဖွင့်လှစ်ထား သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မြန်မာနိုင်ငံ  ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာ ပညာရှင်များအသင်း၊ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှုအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း တို့၏ ရုံးခန်းများသို့သွားရောက်ခဲ့ရာ အသင်းတို့၏ တာဝန်ရှိသူများမှ သက်ဆိုင်ရာအသင်းအဖွဲ့များ၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးမှ ဝန်ကြီးဌာနသို့ တင်ပြရန်ရှိသည်များကို အသင်းတာဝန်ရှိပုဂ္ဂိုလ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
About the author

Leave a Reply