Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်လတ်သည် ကျိုက်ထိုမြို့နှင့် ကျိုက်ထီးရိုးတောင်ပေါ်သို့ သွားရောက်ကာ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျိုက်ထီးရိုး တောင်ပေါ် အမှိုက်ကင်းစင်စေရေး ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီလ (၂၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်လတ်သည် ၂၆-၁-၂၀၂၀ နေ့၊ နံနက်ပိုင်းတွင် ကျိုက်ထိုမြို့သို့ ရောက်ရှိပြီး (၀၈:၃၀) နာရီ ကျိုက်ထီးရိုးတောင်ပေါ် ဩဝါဒစာရိယ ဆရာတော်များဖြစ်သော လေသာကျောင်းဆရာတော်၊ ဆိတ်ဖူးတောင်ဆရာတော်၊ သာယာကုန်း ဆရာတော်တို့အား ဖူးမြှော်၍ ဩဝါဒခံယူခဲ့ပါသည်။ ဒုတိယဝန်ကြီးမှ လျှောက်ထားရာတွင် ကျိုက်ထီးရိုးတောင်ပေါ်တွင် ဘုရားဖူးများ သွားလာနေထိုင်ရေး အဆင်ပြေစေရန်နှင့် အမှိုက်ကင်းစင် ရေး ဆောင်ရွက်နိုင်ရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ အရှင်ဘုရားတို့မှ လမ်းညွှန်ဩဝါဒပေးရန် လျှောက်ထားလိုပါကြောင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကို ဒေသခံများက အဓိကဦးစီးဦးဆောင် ဆောင်ရွက် ရမည်ဖြစ်သည်ကို ဆရာတော်များမှ လမ်းညွှန်ပေးရန်နှင့် အဓိကမှာ အမှိုက်ပြဿနာဖြစ်ပါကြောင်း၊ ဧည့်သည်များ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်ပတ်သက်၍ အသိအမြင်ရှိစေရန် ဆရာတော်များမှ သွန်သင်ဩဝါဒပေးရန် လျှောက်ထားပါသည်။ ဒုတိယဝန်ကြီးမှ အိမ်သာနှင့်ပတ်သက်၍ ကျိုက်ထီးရိုး တောင်ပေါ် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန် Bio- Tank စနစ်အား တဖြည်းဖြည်းခြင်း ပြောင်းလဲအသုံးပြုသင့်ကြောင်း ဆရာတော်များထံ လျှောက်ထားပြီး၊ ဆရာတော်များအား လှူဖွယ် ပစ္စည်းနှင့် ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းကပ်ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် (၀၉:၅၀) နာရီတွင် ကျိုက်ထိုမြို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး၊ (၁၀:၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့ Hotel Popular ၌ ဌာနဆိုင်ရာများ ဟိုတယ်လုပ်ငန်းရှင်များ၊ ဝန်ထမ်း များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ခရီးသွား ဉပဒေအရ စီမံခန့်ခွဲမှုပုံစံအသစ် ဖြစ်သွားခြင်း အပေါ် ရှင်းလင်းပြောကြားရန် လာရောက်ခြင်းဖြစ် ကြောင်း ၂၀၁၈ ခုနှစ် ခရီးသွားဉပဒေအသစ်အရ ပြည်နယ်နှင့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီများသို့ ၂၀၁၉ ခုနှစ်၊ ဧပြီလတည်းက လိုင်စင်ထုတ်ပေးသည် များ လွှဲပြောင်းပေးခဲ့ ပြီးဖြစ်ကြောင်း ဉပဒေအသစ်တွင် ပုဂ္ဂလိကကဏ္ဍပါဝင်လာပြီး မွန်ပြည်နယ်ခရီးသွားလုပ်ငန်း ကော်မတီတွင် မွန်ပြည်နယ်ခရီးသွားလုပ်ငန်းရှင် (၄) ဦးပါဝင်ကြောင်း ခရီးသွားလုပ်ငန်းလိုင်စင် ထုတ်ပေးရာတွင် ပြည်သူ့အသံပါဝင်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း။ ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဉပဒေပါ ပြဌာန်းချက်များနှင့် အညီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများကို ဖွဲ့စည်းခဲ့ပြီး လုပ်ပိုင်ခွင့် များ ခွဲဝေဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီသို့ ဦးစွာ တင်ပြဆောင်ရွက်စေလို ကြောင်း ဝန်ကြီးဌာနမှ မူဝါဒနှင့် စံချိန်စံညွှန်း ချမှတ်ခြင်းကိုသာ အဓိကလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ နိုင်ငံ အတွင်း ကြာကြာနေ များများသုံးလျှင် ဒေသခံများ ဝင်ငွေများများ ရရှိမည်ဖြစ်၍ ဆက်စပ် ခရီးစဉ် ဒေသသို့ ခရီးသွားများ ဆက်လက်သွားရောက်ရန် Secondary Destination များ ဖော်ဆောင်ရန် လုပ်ဆောင်နေကြောင်း ယခုအခါ မြန်မာနိုင်ငံတွင် Package Tour လာရောက်မှုနည်းလာပြီး FIT Tour အများစုဖြစ်လာ ကြောင်း ဧည့်သည်များ ဘေးကင်းလုံခြုံရေးတွင် တရားဉပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးမှာ အဓိကကျကြောင်း ကန့်သတ်နယ်မြေနှင့်စပ်လျဉ်းသည်များကို QR Code များဖြင့် ဘာသာစကား (၁၀) မျိုး ဖတ်၍ရအောင် စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင် များ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအသွင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ဝန်ဆောင်မှုပေးသော ဝန်ကြီးဌာနဖြစ်အောင် ဦးစွာလုပ်ဆောင်နေကြောင်း၊ ခရီးသွားလာရေး ဖွံ့ဖြိုးမှုကို Public Private Partnership နှင့် လုပ်ဆောင်နေပြီး ခရီးသွားများတွင် ပြည်ပသာမက ပြည်တွင်းခရီးသွားများပါဝင်သဖြင့် ပြည်တွင်းခရီးသွားများကိုလည်း ဝန်ဆောင်မှုပေးရမည်ဖြစ် ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် Responsibility and Accountability ရှိဖို့လိုကြောင်း၊ လုပ်ငန်းနှင့်ပတ်သက်သည့် အခွန်ပေးဆောင်ရန် ပျက်ကွက်လျှင် ပြည်နယ်အစိုးရက ပြည်နယ်ကို တိုးတက်အောင်လုပ်ဆောင်ရာမှာ ဘဏ္ဍာငွေ အခက်အခဲရှိလာနိုင်ကြောင်း တစ်ဖက်မှလည်း ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင်လည်း နိုင်ငံခြားသားများသာမက ပြည်တွင်းလုပ်ငန်းရှင်များကိုပါ အခွန် သက်သာခွင့်ရရန် တရားဝင်ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်ရန်လိုကြောင်း ဟိုတယ် များမှ လုပ်ငန်း ဆောင်ရွက်မှုအပိုင်းတွင် အခက်အခဲရှိပါက ဝန်ကြီးဌာနမှ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူးမှ မွန်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျိုက်ထီးရိုးတောင်ပေါ်သို့သွားရောက်ကာ ဂေါပကအဖွဲ့ဝင် များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး TMA Recycle Co.,Ltd မှ တာဝန်ရှိသူများနှင့် အမှိုက်ဖျက်စီး ရေးစက်၊ ဆက်စပ် လုပ်ငန်း များနှင့် ကျိုက်ထီးရိုးတောင်ပေါ် အမှိုက်ရှင်းလင်းရေး ဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေး၍ TMA Recycle Co.,Ltd အား လုပ်ငန်းဆက်လက်ဆောင်ရွက်မည့် အစီ အမံများအား စီမံချက်ရေးဆွဲ တင်ပြရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။ ကျိုက်ထီးရိုးတောင်ပေါ်မှ ပြန်အဆင်းတွင် ကျိုက်ထီးရိုးတောင် Cable ကား ပြေးဆွဲနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် (၁၄:၂၅) အချိန်တွင် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။
About the author

Leave a Reply