Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် သြစတြေးလျ သံအမတ်ကြီး H.E. Ms. Andrea Faulkner အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီလ (၂၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် သြစတြေးလျ သံအမတ်ကြီး H.E. Ms. Andrea Faulkner အား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေ အနေများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ကာလတိုသင်တန်းများနှင့် ကာလရှည် ပညာ သင်ဆုအစီအစဉ်များကို စီစဉ်ပို့ချပေးနိုင်ရေးဆိုင်ရာများ၊ သြစတြေးလျနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍတွင် လာရောက် ရင်းနှီး မြှုပ်နှံရေးဆိုင်ရာများ၊ Digital နည်းပညာ ဖြင့် ခရီးသွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို လွယ်ကူစွာ သိရှိသွားလာဆောင်ရွက်နိုင်ရန်အတွက် QR Code များထားရှိဆောင်ရွက်နေမှု အခြေ အနေ များ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်မှုတိုးတက်မြှင့်တင်ရေးဆိုင်ရာများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများပါဝင်သော ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နှစ်နိုင်ငံ အကြား FAM Trips များ စီစဉ်ဆောင်ရွက်ရေးဆိုင်ရာများကို အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
About the author

Leave a Reply