Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်၍ ဝန်ထမ်းမိသားစုများ၏ ကထိန်လျာဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာလ (၂၄)ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်၍ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကထိန်လျာဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို (၂၃-၁၁-၂၀၂၃) ရက်နေ့က ပျဉ်းမနားမြို့ ကံဦးကျွန်းတောဓမ္မရိပ်သာ ကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ် ကာ ပျဉ်းမနားမြို့၊ ကံဦးကျွန်းတောဓမ္မရိပ်သာ ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရသာသနာဓဇ ဓမ္မာစရိယမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူကြသည့် ဆရာတော်၊ သံဃာ တော်များက ပရိတ်တရားတော်များချီးမြှင့်ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဆရာတော် ဘဒ္ဒန္တဥတ္တရသာသနာဓဇ အမှူးပြု သော သံဃာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေ ပါသည်။ ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကထိန်လျာဆက်ကပ်လှူဒါန်းပွဲ အောင်မြင်ပြီးမြောက်သည့် အနေဖြင့် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်း အနားကိုရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ဆရာတော် ဘဒ္ဒန္တဥတ္တရသာသနာဓဇ ဓမ္မာစရိယ အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီးနောက် တက်ရောက်လာကြ သည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

Leave a Reply