Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Ly Quoc Tuan အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီလ (၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Ly Quoc Tuan အား ယနေ့နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါ သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားဧည့်သည်အရေအတွက်မှာ ငါးသောင်းကျော်ခန့်ရှိပါကြောင်း၊ နိုင်ငံတကာသို့ သွားရောက် လည်ပတ်ခဲ့သော​ ဗီယက်နမ်ခရီးသွားဧည့်သည်အရေအတွက်မှာ အလွန်များပြားပါကြောင်း၊ မြန်မာနိုင်ငံသည် လည်ပတ်စရာ အင်မတန်များပြားသော ခရီးစဉ်ဒေသ တစ်ခုဖြစ်၍ မြန်မာနိုင်ငံသို့ ဗီယက်နမ်ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် အကူအညီပေးစေလိုပါကြောင်း ၊ ဗီယက်နမ် ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်ရန်အတွက် မည်ကဲ့သို့ဆောင်ရွက်ရမည် ကိုလည်း အကြံပြုစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သံအမတ်ကြီးမှလည်း မိမိအနေနှင့် အတတ်နိုင်ဆုံးအကူအညီပေးမည်ဖြစ် ကြောင်း၊ ၂၀၂၀ ခုနှစ် သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ သံတမန်ထူထောင်ရေး (၄၅) နှစ် မြောက် နှစ်ပတ်လည်ဖြစ်သဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များအတွက် ခရီးသွား ကဏ္ဍအပိုင်းမှ ပူးပေါင်းကူညီပေးရန် မေတ္တာရပ်ခံပါကြောင်း ဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ခရီးသွားပြပွဲများ၊ ခရီးသွားမြှင့်တင်ရေးအစီအစဉ်များကို နှစ်နိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများအား ဗီယက်နမ် နိုင်ငံရှိ လူသိများသော မီဒီယာများနှင့်ရုပ်သံလိုင်းများသာမက လူမှုကွန်ယက်များမှတဆင့် မြှင့်တင် ကြော်ငြာရေးဆိုင်ရာများ၊ မီဒီယာများအပါအဝင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ် များ ပါဝင်သော ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ခရီးစဉ်အစီအစဉ်များ၊ အလည်အပတ် ခရီးစဉ်များအား နှစ်နိုင်ငံအကြား ဆောင်ရွက်သွားရန်အခြေအနေများနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းမြှင့်တင် ရေးဆိုင်ရာလှုပ်ရှားမှုများအား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို အပြန်အလှန်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Leave a Reply