19
Jun
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇွန်လ( ၁၇) ရက်
၂ဝ၂၄ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး တည်း ခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာ အစည်းအဝေး ခန်းမ၍ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အမှာစကားပြောကြားပါသည်။
အစည်းအဝေးသို့ တည်းခိုနေထိုင်ရေးနှင့်ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ဥက္ကဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဒုတိယမြို့တော်ဝန်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အစား အသောက်နှင့် ဆေးဝါးစစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အဆောက်အဦဦးစီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် အမှတ်(၃)စစ်ကြောရေးနှင့် တည်းခို ရေးစခန်းတို့မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးနှင့် စားသောက် ဆိုင်လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များဖြင့်စုစည်း၍ ဆပ်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားရှိပါကြောင်း။ ယနေ့အစည်းအဝေးမှာ ယင်းဆပ်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပင်ဖြစ်ပါကြောင်း။ နိုင်ငံတော် အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး အသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍ နှင့် အားကစားကဏ္ဍမြှင့်တင်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။ အမျိုးသား အားကစားပွဲတော်များကို ၁၉၉၂ ခုနှစ်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယခု ပဉ္စမအကြိမ်အဖြစ် နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း။
မိမိတို့ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီအနေနှင့် ချမှတ်ထားသော လုပ်ငန်းတာဝန်များနှင့်အညီ တည်းခိုနေထိုင်မည့်သူများအားလုံး အဆင်ပြေစွာ တည်းခိုနေထိုင်နိုင် ရေးအတွက် တည်းခိုမည့်နေရာများအား ကျန်းမာရေးနှင့် ညီညွတ်မျှတပြီး သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကောင်းများဖြစ်စေရေး၊ ကူးစက်ရောဂါများ မဖြစ်ပွားအောင်ဆောင်ရွက်ထားရှိရေး၊ ဧည့်ခံကျွေးမွေးရာတွင်လည်း အစားအသောက်များသန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေး ဆပ်ကော်မတီမှ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး၊ ချက်ပြုတ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး တာဝန်ထမ်းဆောင်မည့်သူများ ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရေး၊ ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ဆပ်ကော်မတီဝင်များက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြား ပါသည်။
ဆက်လက်၍ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ ဥက္ကဌ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဆပ်ကော်မတီ၏ လုပ်ငန်း တာဝန်များကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ ညွှန်ကြားချက်များကို အကောင်အထည်ဖော်နိုင်ရေး၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစား နည်းပြများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒိုင်/ဂျူရီများ၏ တည်းခိုနေထိုင်ရေး၊ ဧည့်ခံကျွေးမွေး ရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ဆပ်ကော်မတီ အဖွဲ့ဝင်များ က သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိပ် ဆွေးနွေး တင်ပြပေးကြစေလိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်း တာဝန်များ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပါ သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေး ရေးတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါကြောင်း သိရှိရ ပါသည်။