Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အချက်အလက်များ လွှင့်တင်ရေးနှင့် ICT အသုံးပြုမှု စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဇွန် ၂၆ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အချက်အလက်များ လွှင့်တင်ရေးနှင့် ICT အသုံးပြုမှု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်း ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား/ သူများက Online မှ ပါဝင်တက်ရောက်ကြပါသည်။ သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ Information Communication Technology – ICT ဟုခေါ်သော သတင်းအချက် အလက်နှင့် နည်းပညာများသည် အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး လူမှုအဖွဲအစည်းတွင် မရှိမဖြစ် အရေးပါသော ကဏ္ဍတစ်ခု ဖြစ်လာပါကြောင်း၊ ထိုနည်းပညာများကြောင့် ဆက်သွယ်မှု လွယ်ကူခြင်း၊ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီရရှိနိုင်ခြင်း၊ စွမ်းဆောင်ရည်နှင့် ကုန်ထုတ် စွမ်းအားကို တိုးမြှင့်နိုင်ခြင်း၊ ဈေးကွက်ချဲ့ထွင်နိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်မှု စွမ်းရည် မြင့်မားလာခြင်း၊ လေ့ကျင့်ရေးနှင့်ပညာ ပေးရေးလုပ်ငန်းများပိုမိုတိုးတက်လာခြင်း၊ အစိုးရ၏ ဝန်ဆောင်မှုများနှင့် အုပ်ချုပ်မှုလုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် နိုင်ငံသား ပါဝင်မှုကို မြှင့်တင်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရှိလာပါကြောင်း။ ထိုအပြင် ICT အသုံးပြု ခြင်းကြောင့် ဆိုက်ဘာလုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လုံခြုံရေး ခြိမ်းခြောက်မှုများ မဟုတ်မမှန်သတင်းအမှား ဖြန့်ချီမှုများ စသည့် စိန်ခေါ်မှုများလည်း ရှိပါကြောင်း။ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားမြှင့်တင်ရေး ဖော်ဆောင်ရာတွင် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြု၍ ဆောင်ရွက် လျက်ရှိပါကြောင်း။ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အချက်အလက်များ ဗီဒီယိုများကို Social Media များတွင် အချိန်နှင့်တပြေးညီ လွှင့်တင်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပုံရိပ် ကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း။ ထိုအပြင် ခရီးသွားဆွဲဆောင်ရာနေရာများ၊ ခရီးသွားလှုပ်ရှား မှုများ၊ ယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ခရီးသွားဆိုင်ရာ အချက်အလက်များကို ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ ကျယ်ကျယ် ပြန့်ပြန့် သိရှိလာနိုင်မည် ဖြစ်ပါကြောင်း။ ယခုသင်တန်းကို တက်ရောက်သင့်ကြားမည့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်ခန်းစာများကို သေချာ လိုက်နာလုပ်ဆောင်ကြပြီး မိမိတို၏ စွမ်းဆောင်ရည်ကို မြှင့်တင်ကြဖို မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်မှု များတွင် တတပ်တအား ပါဝင် ဆောင်ရွက်ကြစေ လိုပါကြောင်း။ ခေတ်နှင့်လျော်ညီစွာ ဖြစ်ပေါ်တိုးတက်နေသည့် နည်းပညာရပ် များကို စဉ်ဆက် မပြတ်လေ့လာကြပြီး သင်တန်းချိန် ပျက်ကွက်ခြင်းမရှိစေပဲ တက်တက်ကြွကြွနှင့် လေ့လာသင်ယူ မှတ်သား ကြရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်းပုဂ္ဂလိက ကဏ္ဍဖွံဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်နှင့်လျော်ညီသည့် နည်းပညာများကို တီထွင်ဖန်တီး အသုံးပြုပြီး လက်တွေ့ ကျကျ အကျိုးပြုနိုင်ရေး ဆောင်ရွက်နိုင်ရေး အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

Leave a Reply