Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဉီးတင်လတ် ရန်ကုန်မြို့ရှိခရီးသွား လုပ်ငန်းဆိုင်ရာအသင်းများနှင့်တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၈ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဉီးတင်လတ်သည် ယနေ့ နေ့လည်ပိုင်း တွင်ရန်ကုန်မြို့ ၊ တော်ဝင်စင်တာတွင်ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ အမှတ်တရ ပစ္စည်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်းရုံးခန်းသို့သွားရောက်ပြီး အသင်းတာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်ကိစ္စရပ်များကို သက်ဆိုင်သည့်ပြည်နယ်နှင့် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများသို့ လွှဲပြောင်းပေးခဲ့ပြီး ၊ မူဝါဒရေးရာကိစ္စရပ်များနှင့် စံချိန်စံညွှန်း သတ်မှတ် ခြင်းစသည့်ကိစ္စရပ်များကိုသာ ဆောင်ရွက်လျှက်ရှိပြီး ၊ ဝန်ဆောင်မှုပေးသည့် ဝန်ကြီးဌာနအဖြစ်‌ ဆောင်ရွက်လျှက်ရှိပါကြောင်း ၊ အသင်းများ ၊ ခရီးသွားနယ်ပယ်များမှ လုပ်ငန်းရှင်များ၏ အသံကို နားထောင်၍ အခြေအနေမှန် ကိုသိရှိပြီး မူဝါဒချမှတ်ခြင်း ၊ အကောင်အထည်ဖော်ခြင်းများပြုလုပ် နိုင်ရန်အတွက်လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း ၊ အသင်းများအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအတွက်အကြံပြုဆွေးနွေးပေးရန်နှင့် ကာလတိုအတွင်း ကောင်အထည်ဖော်နိုင်မည့် ကိစ္စရပ်များကိုဉီးစားပေး ဆောင်ရွက် လိုပါကြောင်း၊ အမှတ်တရ ပစ္စည်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်းအနေဖြင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ အသင်းဝင်များ ၊ အရောင်း ဆိုင်များစာရင်းကိုပေးပို့ပေးရန်နှင့် ဝန်ကြီးဌာန၏ Web Portal တွင်ထည့်သွင်းဖော်ပြထားခြင်း ဖြင့်ခရီးသွားများအနေဖြင့် လည်းကောင်း ၊ အသင်းအနေဖြင့်လည်းကောင်း နှစ်ဉီးနှစ်ဖက်အကျိုးရှိ စေမှာဖြစ်ပါကြောင်း ၊ ဝါးမှတဆင့် ပြုလုပ်သည့် ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာစျေးကွက်ရှိ‌ရေး ၊ ကုန်ကြမ်းရရှိနိုင်ရေး တို့အတွက်လည်း အသင်းမှတဆင့်လေ့လာတင်ပြရန်လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက်အသင်းတာဝန်ရှိသူများမှ ဝန်ကြီးဌာနမှပံ့ပိုးဆောင်ရွက် ပေးရန်ကိစ္စရပ်များကို တင်ပြကြပြီး ဒုတိယဝန်ကြီးမှညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ ၊တောင်ဉက္ကလာပမြို့နယ်တွင်ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကျန်းမာရေးစောင့်ရှောက်မှု အသင်းရုံးခန်းသို့ သွားရောက်၍ တာဝန်ရှိ သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ဒုတိယဝန်ကြီးက နိုင်ငံတကာခရီးသွားဧည့်သည်များ၏ကျန်းမာရေးနှင့်ပတ် သက်ပြီး ပြည်သူ့ဆေးရုံများမှ အဓိကထားဆောင်ရွက်လျှက်ရှိပါကြောင်း ၊ ပုဂ္ဂလိကဆေးရုံများမှ လည်းလိုအပ်ချက်အရဝိုင်းဝန်းဆောင်ရွက်ပေးနေရသည့်အခြေအနေဖြစ်သော်လည်း ခရီးသွား အာမခံ (Travel Insurance )ထားခြင်းလုပ်ငန်းစဉ်မှာ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန် လိုအပ်လျှက်ရှိပါကြောင်း၊ ထို့အတူဝန်ဆောင်မှုပေးရန်အတွက်လည်း အခြေခံ အဆောက်အဉီ များ အရန်သင့်ဖြစ်ရန်လိုအပ်ပါကြောင်း ၊ အရည်အသွေးရှိခရီးသွားများကို လာရောက်လည်ပတ်ရန် စွဲဆောင်မည်ဆိုပါက ၎င်းတို့ကိုထိုက်တန်သည့် ဝန်ဆောင်မှုပြန်လည်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့အပြင်ခရီးသွားလုပ်ငန်းသည် ထိခိုက်ကျဆင်းလွယ်သည့်အတွက် အမြန်ဆုံး ပြန်လည်တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် အစီအစဉ်များ ၊ Crisis Management ဆိုင်ရာသင်တန်းများပို့ချနိုင် ရန်လိုအပ်သည့်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အသင်းတာဝန်ရှိသူများမှ ခရီးသွားအာမခံထားခြင်း ကိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရေး အတွက်ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန်ကိစ္စရပ်များ ၊ Crisis Management သင်တန်း ဖွင့်လှစ်နိုင်ရေးကူညီဆောင်ရွက်ပေးမည့် ခြေအနေများကိုရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply