Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ် မြန်မာနိုင်ငံအစိုးရမှ ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုဟာမြို့တွင် မြန်မာ့ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရ ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၁) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်သည် ယနေ့ (၁၁.၂.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုဟာမြို့တွင် မြန်မာနိုင်ငံအစိုးရမှ မြန်မာ့ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် မစ္စတာတိုရှိအိုနီရှိမူရနှင့်အဖွဲ့အား နေပြည်တော်ရှိ ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံရာတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ ဂျပန်ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင် ရန် အရည်အသွေးရှိသော ခရီးစဉ်များ ဖြစ်ပေါ်လာရေး အလေးထားဆောင်ရွက်နေမှု အခြေအနေ များ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင် ရွက်မည့်ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

 

 

 

About the author

Leave a Reply