Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဉီးတင်လတ် မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ မတ်လ (၂၃) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဉီးတင်လတ်တို့သည် (၂၂-၃-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင်  မကွေးတိုင်း ဒေသကြီးသို့ သွားရောက်ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဒေသခံဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင် များအား မကွေးမြို့၊ နန်းထိုက်သူ ဟိုတယ်၌ တွေ့ဆုံ၍  COVID-19 အလွန်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ရေးဆိုင်ရာများကို  ဆွေးနွေး ခဲ့ပါသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဉီးတင်လတ်က  COVID-19 ကာလအတွင်း လုပ်ငန်းအစီအမံများ နှင့် COVID-19အလွန်ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့်ကိစ္စများကို ဆွေးနွေး ပြောကြားပါသည်။ ထို့နောက်  တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များက COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အရေးပေါ်အခြေအနေအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု အစီအမံများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ နှင့် လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT ) ဆိုင်ရာအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့်ဒုတိယဝန်ကြီး ဉီးတင်လတ်တို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်ပါ၍ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း Ecotourism Site ဖြစ်လာနိုင်သည့် ရွှေစက်တော်ဒေသအခြေအနေများကိုလည်းကောင်း၊ ဟိုတယ်ဇုန်လျာထားမြေနေရာနှင့် မန်းချောင်းဆင်စခန်းတို့အား လည်းကောင်း  ရွှေစက်တော်ဘေးမဲ့တောရှိ မြန်မာ့မျိုးရင်းရွှေသမင်နှင့်ကြယ်လိပ်များ မွေးမြူစောင့်ရှောက်ထားရှိမှုများကိုလည်းကောင်း လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

About the author

Leave a Reply