Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် တိုင်းဒေသကြီးပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် ဒေသအသီးသီးရှိ ရုံးခွဲများအား Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မတ်လ (၂၃) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်နှင့် ဒုတိယ ဝန်ကြီး ဉီးတင်လတ်တို့သည် တိုင်းဒေသကြီးပြည်နယ်များမှ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူးများနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန နယ်ရုံးခွဲ (၃၇) ခုမှ တာဝန်ခံများအား ယနေ့ ၂၃.၃.၂၀၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေး ခန်းမမှ  Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်က  ဝန်ကြီးဌာနအနေနှင့် ၂၀၂၀ ဖေဖော်ဝါရီမှာ ပထမဆုံးအကြိမ် နယ်ရုံးခွဲတွေကို  Video Conferencing  နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ အရင်အပတ်က နေပြည်တော်ကောင်စီ ပြည်နယ်နှင့် တိုင်း ရုံးခွဲတွေနှင့် Video Conferencing လုပ်ခဲ့ပါကြောင်း၊ ယနေ့ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူးများအပါအဝင် ရုံးခွဲ (၃၇) ခုလုံးနှင့် တွေ့ဆုံပါကြောင်း၊ထိုသို့ တွေ့ဆုံမှုများသည် ၀န်ကြီးဌာန၏ လုပ်ငန်း လုပ်ဆောင်မှု ပိုမို မြန်ဆန်သွက်လက် ထိရောက်ရန် ရည်ရွယ်ပါကြောင်း၊ COVID- 19 ကြောင့် လူစု လူဝေးမလုပ်ရန် နိုင်ငံတော်မှ ညွှန်ကြားထားသည့် အချိန်တွင် အလုပ်မပျက်၊ ခရီးစရိတ်မကုန်၊ နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်လာသည့် အကျိုးကျေးဇူးများ ရရှိရန်မျှော်လင့်ပါကြောင်း၊ COVID- 19 ကြောင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍကို များစွာထိခိုက်နေသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်၍ COVID- 19 တားဆီး ကာကွယ် ထိန်းချုပ်ရေးနှင့် COVID- 19 ကြောင့် စီးပွားရေး ထိခိုက်မှုတွေကို ကုစားပေးရေးအတွက် ဆောင်ရွက် လျက်ရှိနေပါကြောင်း၊ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုနည်းပါးနေသည့် အချိန်တွင် ၀န်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့် ခရီးသွား အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ပေးမည့် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ လက်ရှိခရီးစဉ် ဒေသများ၏  လိုအပ် ချက်များကို ပြုပြင်ရန်နှင့် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်နိုင်မည့် နည်းလမ်းများ ရှာဖွေရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာရုံးခွဲများအနေနှင့်မိမိဒေသမှာ  မည်သည့်လုပ်ငန်းများ လုပ်ဆောင်မယ်ဆိုတာကို ၃လ စီမံချက်၊ ၆လ စီမံချက် စသည်ဖြင့် ပြင်ဆင်တင်ပြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် ခရီးသွားဧည့်သည်များကို  ၀န်ဆောင်မှုပေးနိုင်ရန် digitalization နဲ့ online စနစ်ကို ဆောင်ရွက် လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် လိုအပ်သည့် အရည်အချင်းများ ပြည့်ဝနေရန် လိုအပ်ပါကြောင်း ဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် ထို့နောက် သက်ဆိုင်ရာရုံးခွဲအလိုက် တာဝန်ခံများက ၄င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ခရီးသွားလာရေးနှင့် စပ်လျဉ်း၍ COVID-19 ကူးစက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများ ပူးပေါင်းအကောင် အထည်ဖော်မှုများနှင့် တင်ပြရန် ရှိသည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လိုအပ်သည်များကို ဖြည့်စွက်ညွှန်ကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply