Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် COVID-19 ကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများကို ကုစားနိုင်ရေးနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များအား တွေ့ဆုံဆွေးနွေး

နေပြည်တော် ၊ မတ်လ ၃၀ ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် COVID-19  ကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအပေါ်သက်ရောက်မှုများကို ကုစားနိုင်ရေးနှင့်စပ်လျဉ်း၍ (၂၇-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့သို့ သွားရောက်ကာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်) နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်များ အသင်း (မန္တလေးဇုန်)တို့မှ ဥက္ကဌများနှင့်အတွင်းရေးမှူးများအားလည်းကောင်း၊(၂၈-၃-၂၀၂၀)ရက်နေ့ တွင် ရန်ကုန်မြို့သို့ သွားရောက်ကာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် ဒုတိယ ဥက္ကဌတို့ အားလည်းကောင်း၊ (၂၉-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) နှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) တို့မှ ဥက္ကဌများနှင့် အတွင်းရေးမှူးများအားလည်းကောင်း တွေ့ဆုံဆွေးနွေးရာ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာရုံးခွဲတာဝန်ခံများ တက်ရောက်ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးတင်လတ်က ယခုကြုံတွေ့နေရသည့် COVID – 19 ကာလတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများသာမက ဆက်စပ်လုပ်ငန်းများအပေါ်တွင် များစွာ ထိခိုက်လျှက်ရှိရာ သက်ဆိုင်ရာလုပ်ငန်းရှင်များ၊ ဝန်ထမ်းများ အခက်အခဲကြုံတွေ့နေရသည်ကို သိရှိ ပါ‌ကြောင်း၊ ထိုကဲ့သို့ထိခိုက်မှုများကို နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ ထိရောက်စွာပံ့ပိုး‌ပေးရန်အတွက် အချက်အလက်များ ကောက်ခံရန် ဆောင်ရွက်လျှက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအပြင် ဆက်စပ်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းထိခိုက်ရမှုများကို စနစ်တကျ တင်ပြနိုင်ရန် လိုအပ်ပြီး သက်ဆိုင်ရာအသင်းအဖွဲ့များ က ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး မေတ္တာရပ်ခံလိုပါ ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ကူညီပံ့ပိုးမှုရရှိစေရေး အတွက် အတတ်နိုင်ဆုံးကူညီဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှုအများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်း များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့်ကဏ္ဍများအဖြစ် သတ်မှတ်၍ ချေးငွေးများထုတ်ချေးပေးရန် ဆောင်ရွက် လျှက်ရှိရာ လိုအပ်မည့် ဘဏ္ဍာအရင်းအမြစ် ရရှိနိုင်ရေး အတွက် သက်ဆိုင်ရာလုပ်ငန်းအသီးသီး ဆောင်ရွက်နေမှုနှင့် လိုအပ်သည့်ကိန်းဂဏန်းများကို တိတိကျကျ ကောက်ခံထားရှိတင်ပြရန် လိုအပ် ပါကြောင်း၊ ဝန်ကြီးဌာနလျာထားရန်ပုံငွေမှ ကျခံ၍ ခရီးသွား လုပ်ငန်းနယ်ပယ်ရှိ ဝန်ထမ်းများ အတွက် အခြေခံသင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် အရည်အသွေးမြှင့် သင်တန်းများ ပို့ချနိုင်ရန် သာမက ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နယ်ပယ်များမှ လက်လုပ် လက်စားလုပ်သားများကိုပါ ခရီးသွားဝန်ဆောင်မှုသင်တန်းများ ပို့ချသွားနိုင်ရန် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များ နှင့်ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်းဖြင့် ပြောကြားပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များမှ ဥက္ကဌများနှင့် အတွင်းရေးမှူးများက ၎င်းတို့၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုများ၊ COVID-19 ကြောင့် လတ်တလောကြုံတွေ့နေရသည့်အခက်အခဲများနှင့် COVID-19 အလွန်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေးဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးတင်ပြ ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။