Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် နမ့်မွန်ကြီးရေတံခွန်နှင့် ပြင်ဦးလွင်မြို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီလ (၆) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် (၄-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ နမ့်မွန်ကြီးရေတံခွန်သို့ သွားရောက်ကာ COVID -19 ကူးစက်ရောဂါကြောင့် ခရီးသွားဧည့်သည်များသွားလာမှု ကန့်သတ်ထားစဉ်ကာလ အတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ခရီစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ သွားရောက်စဉ် ဒုတိယဝန်ကြီး ဦးတင်လတ်က ရေတံခွန်ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေး၊ လူသွားလမ်းများစနစ်တကျနှင့် ပိုမိုကောင်းမွန် စေရေး၊ ရေတံခွန်အနီးရှိ စားသောက် ဆိုင်များ ကျန်းမာရေးနှင့်အညီချက်ပြုတ်ရောင်းချနိုင်ရေး၊ ရေတံခွန်သို့ပြေးဆွဲနေသော စက်လှေများ အနေဖြင့် ခရီးသည်များကိုဝန်ဆောင်မှုပေးရာတွင် အန္တရာယ်ကင်းစွာစနစ်တကျ ပို့ဆောင်စေရေး၊ ခရီးသွားလုပ်ငန်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေဘဲသတ် မှတ်ထားသောအချက်များနှင့်အညီ ကောင်းမွန်စွာဖော်ဆောင်နိုင်ရေးနှင့် လက်ရှိခရီးသည်များ လာရောက် လည်ပတ်ခြင်းမရှိသေးခင်ကာလအတွင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်သည် ၅−၄−၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ ဟိုတယ်ပြင်ဦးလွင်တွင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်း (ပြင်ဦးလွင်ဇုန်)မှ ဥက္ကဌနှင့် ဒုဥက္ကဌ၊ အတွင်းရေးမှူးများနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်) မှ ဥက္ကဌနှင့် အတွင်းရေးမှူးများအား တွေ့ဆုံ၍ လတ်တလောဖြစ်ပေါ်နေသော COVID-19 ဗိုင်းရပ်ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သောသတိပေးချက်များကို လိုက်နာ ဆောင်ရွက်ရေးကိုလည်းကောင်း၊ ခရီးသွားဝင်ရောက်မှုကျဆင်းနေ သည့် အချိန်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွင်း ကြုံတွေ့နေရသည့်အခက်အခဲများအပေါ် နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီမည့်အစီအစဉ်များ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ COVID-19 ဗိုင်းရပ်ရောဂါအလွန်ကာလ ခရီးသွား လုပ်ငန်း ပြန်လည်ဦးမော့လာချိန်တွင် ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုတင် ဆောင်ရွက်ထားနိုင်မည့် အစီအမံများ၊ ဝန်ဆောင်မှု အဆင့်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်မည့် အစီအစဉ်များကိုလည်းကောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရေးနှင့် စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက် နိုင်စေရေးအတွက်ခရိုင်အဆင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (သို့မဟုတ်) Destination Management Organization (DMO) ဟုခေါ်သည့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွွဲ့ များကို ဖွဲ့စည်းမည့်အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ ရှိပြီးခရီးစဉ်ဒေသများအား ထိန်းသိမ်းခြင်း၊ ခရီးစဉ်ဒေသသစ်များဖော်ထုတ်ခြင်း၊ ဆက်စပ်ခရီးစဉ်ဒေသလမ်းကြောင်းများ ဖော်ထုတ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လက်လုပ် လက်စားများအား ဝန်ကြီးဌာန၏ ဘတ်ဂျက်အတွင်းမှ ကူညီရန် ​ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းရာ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနပူးပေါင်းပါဝင်ကူညီနိုင်မည်များကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးသည် Maymyo Heritage Trust အသင်းမှ ဖော်ထုတ် ထိန်းသိမ်းရန်ဆောင်ရွက်နေသည့် ပြင်ဦးလွင်ဒေသရှိ သမိုင်းဝင် အဆောက်အဦးများနှင့် သမိုင်း ကြောင်းရာဇဝင်ရှိသည့် နေရာဒေသများသို့ သွားရောက်ကြည့်ရှု၍ ဝန်ကြီးဌာနမှ ပေါင်းစပ် ကူညီဆောင်ရွက်ပေးနိုင်သည် များကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။