Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ COVID-19 အလွန် ကာလတွင် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေး၊ ခရီးစဉ်ဒေသများ စနစ်တကျ စီမံခန့်ခွဲရေးနှင့်COVID-19 ကပ်ရောဂါ သက်ရောက်မှုကို ခံစားရသည့်လုပ်ငန်းများအတွက် ကုစားရေးဆိုင်ရာများ  ဆောင်ရွက်ရန် လိုအပ်သော ဘဏ္ဍာငွေကြေးလျာထားသတ်မှတ်နိုင်ရေးဆိုင်ရာ အစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပ

နေပြည်တော်၊ ဧပြီလ (၂၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ COVID-19 အလွန် ကာလတွင် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေး၊ ခရီးစဉ်ဒေသများ စနစ်တကျ စီမံခန့်ခွဲရေးနှင့် COVID-19 ကပ်ရောဂါသက်ရောက်မှုကို ခံစားရသည့် လုပ်ငန်းများအတွက် ကုစားရေးဆိုင်ရာများ  ဆောင်ရွက်ရန် လိုအပ်သောဘဏ္ဍာငွေကြေးလျာထားသတ်မှတ်နိုင်ရေးဆိုင်ရာ အစည်းအဝေးကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဆောင်၍ ဝန်ကြီးဌာန နီလာအစည်း အဝေးခန်းမမှ Video Conferencing စနစ်ဖြင့်ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဦးမြတ်သူနှင့် တာဝန်ရှိသူများ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့်  ဝန်ကြီးဌာနမှတာဝန်ရှိသူများ Video Conferencing စနစ်ဖြင့် Online မှ ပါဝင်တက်ရောက် ဆွေးနွေးကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် တစ်ကမ္ဘာ လုံးအတိုင်းအတာနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေ ကျဆင်းလျက်ရှိပြီး မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်လာ သည့်အတွက် မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုနှင့် ခရီးသွားလုပ်ငန်းများလည်း ကျဆင်းလျက်ရှိ ပါကြောင်း၊ ထို့ကြောင့် လာမည့်ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခရီးသည်များ ပိုမို ရောက်ရှိလာပြီး ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေရန်နှင့် နိုင်ငံတော်၏ဝင်ငွေတိုးတက်ရရှိစေရန် အတွက်  ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်ရန်ရှိတဲ့အတွက် ဝိုင်းဝန်း ကူညီပေးကြဖို့ မေတ္တာရပ်ခံလိုပါကြောင်း၊ ထို့အပြင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ကောင်းကျိုးဆိုးပြစ်များ ဒွန်တွဲလျက်ရှိရာ နိုင်ငံနှင့် ဒေသခံပြည်သူ များအတွက် ကောင်းကျိုးရရှိ ခံစားရေးဆောင်ရွက်သကဲ့သို့ တဖက်ကလည်း ဆိုးကျိုးများ လျော့နည်းနိုင်သမျှ လျော့နည်းအောင် ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ သို့ဖြစ်ရာ ယနေ့ကြုံတွေ့နေရသော ကပ်ရောဂါကဲ့သို့ ရောဂါဘယ များ မရောက်ရှိ မပြန့်ပွားစေရေး ခရီးစဉ်များ သန့်ရှင်းရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့အတွက် လိုအပ်သော ခရီးစဉ်ဒေသစီမံခန့်ခွဲမှုများ၊ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက် ရေးနှင့် COVID-19 အလွန် ခရီးသွားလုပ်ငန်းပြန်လည် ပွင့်လင်းလာချိန်တွင် ခရီးသွားလုပ်ငန်း နယ်ပယ်ရှိ ထိခိုက်ခံစားကြရသူများအတွက် ကုစားရေး၊ ပံ့ပိုးကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယင်းအတွက် ယခုကတည်းကပင် ကုန်ကျမည့်ဘဏ္ဍာငွေများ လျာထားသတ်မှတ် ရန်လိုအပ်ပါကြောင်း၊ ယင်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အကြံပြုဆွေးနွေးစေလိုပါကြောင်း ပြောကြားပါသည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို က ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ကြောင်းနှင့် ဤကဏ္ဍဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ရန်လိုအပ်သော လုပ်ငန်းစဉ် (Work Plan) များ ချမှတ်ရန်နှင့် လိုအပ်သော ဘဏ္ဍာ ငွေကြေးကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ တွက် ချက်တောင်းခံဆောင်ရွက်ရန် အကြံပြု ဆွေးနွေးပါသည်။ ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည် အောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ တို့က ဝိုင်းဝန်း ဆွေးနွေးအကြံပြုခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လိုအပ်သည်များ ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။