12
May
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ရုံးခွဲတာဝန်ခံများကို Video Conferencing စနစ်ဖြင့် တွေ့ဆုံ၍ COVID-19 ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများကို ပံ့ပိုးပူးပေါင်းဆောင်ရွက်ရေးမှာကြား
နေပြည်တော်၊ မေလ (၁၁) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ရုံးခွဲတာဝန်ခံများအား Video Conferencing ဖြင့် တွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ကို ပံ့ပိုးပူးပေါင်းဆောင်ရွက်ရေး မှာကြားပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ယခု COVID-19 ရောဂါကာကွယ်တားဆီး ထိန်းသိမ်းရေးအတွက် မိမိတို့ဒေသတွင်းရှိ ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက် ကာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှတဆင့် တိုင်းဒေသကြီးပြည်နယ် အစိုးရ အဖွဲ့များကို ပံ့ပိုးကူညီ ဆောင်ရွက်ရေး၊ COVID-19 အလွန်ကာလတွင် ကျန်းမာရေးအရ လုံခြုံ စိတ်ချရပြီး သန့်ရှင်းသော ခရီးစဉ်ဒေသများဖြစ်ပေါ်လာရေး ကိစ္စရပ်များအပါအဝင် ခရီးစဉ်ဒေသ များကို စီမံခန့်ခွဲပေးနိုင်မည့် Destination Management Organization များဖွဲ့စည်းနိုင်ရေး ၊ ကျန်းမာရေး အသိရှိပြီး တီထွင်ဆန်းသစ်မှု များ ပြုလုပ်ကာ Digital နည်းပညာနှင့်ပေါင်းစပ်ပြီး ဝန်ဆောင်မှု ကောင်းစွာပေးနိုင်သော ခရီးသွားလုပ်ငန်းပေါ်ထွက်လာရေးအတွက် လိုအပ်သည်များကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ကြရန် ကိစ္စရပ်များကို မှာကြားပါသည် ။
ဒုတိယဝန်ကြီးမှလည်း COVID-19 ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရေး၊ Destination Management Organization ဖွဲ့စည်းရေးတို့နှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်မှာကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။