Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၂၂ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည်  COVID-19  အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် ပြည်တွင်းခရီးသွားများ ဘေးကင်း လုံခြုံစွာ သွားလာ လည်ပတ် နိုင်ရန် (၂၀-၆-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ရွှေကံကော်စားသောက်ဆိုင်နှင့် လိုတရစားသောက်ဆိုင်သို့ သွားရောက်ကာ COVID-19 ကူးစက်မှု တားဆီးကာကွယ်ရေး ဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်၍ စားသုံးသူများ လာရောက်စားသုံးနေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဉီးတင်လတ်သည် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးလာခေါင်ထန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ခရီးစဉ် ဒေသစီမံခန့်ခွဲမှုကော်တီ Destination Management Organization (DMO) တွင် ပါဝင်မည့် သူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား မုံရွာမြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံ၍ သက်ဆိုင်ရာနယ်မြေဒေသအလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) များကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာများ၊ COVID-19 ကပ်ရောဂါကြောင့် ရပ်တန့်သွား သည့် ခရီးသွားလုပ်ငန်ကို ပြန်လည် စတင်နိုင်ရန် COVID-19  မြန်မာ့ခရီးသွားမဟာဗျူဟာ လမ်းပြမြေပုံဝန်ကြီးဌာနမှ စိစစ်ရေးဆွဲထားမှုများနှင့် Tourism National Guidelines For COVID-19 Safe Services(Beta Version-IV) ကို ထုတ်ပြန် ထားမှုများ၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ New Nomal အနေဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ခရီးသည်များဘေးအန္တရာယ် ကင်းရှင်းစေရန် သတ်မှတ်ချက် များ၊ Social Distancing ဆိုင်ရာလုပ်ငန်းစဉ်များဖြင့် တဆင့်ချင်းဆောင်ရွက်ရာတွင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ စီမံမှုဖြင့် ဒေသအာဏာပိုင်များ၊ လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများ ပူးပေါင်းပါဝင်သည့် DMO များကို ခရီးစဉ်ဒေသအလိုက် လိုအပ်သလိုဖွဲ့စည်း ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် Fancy 2 စားသောက်ဆိုင်သို့ သွားရောက်ကာ COVID-19 ကူးစက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာ သတ်မှတ် ချက်များနှင့်အညီ ဖွင့်လှစ်၍ စားသုံးသူများ လာရောက်စားသုံးနေမှု အခြေ အနေများကိုလည်းကောင်း၊ ချင်းတွင်းဟိုတယ်သို့ သွားရောက်ကာ COVID-19 ကူးစက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ထားမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မိုးညှင်းသမ္ဗုဒ္ဓေဘုရားသို့သွားရောက်ကာ ဘုရားဂေါပက ဖွဲ့အား တွေ့ဆုံ၍ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပြီး Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဘုရားကြီးပြန်လည် ဖွင့်လှစ်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ၎င်းနောက် ဗောဓိ တထောင်ဘုရားသို့ သွားရောက်၍ ဆရာတော်၏ သြဝါဒများခံယူကာဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေတီသို့ သွားရောက်ကာ ဘုရားဂေါပကဖွဲ့အား တွေ့ဆုံ၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး Social Distancing ဆိုင်ရာ သတ်မှတ် ချက်များနှင့်အညီ ဘုရားကြီးပြန်လည်ဖွင့်လှစ်ရေး ပြင်ဆင်ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ Happy Hotel သို့ သွားရောက်ကာ COVID-19 တားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းများ၊ Social Distancing ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ထားမှု အခြေအနေများကိုလည်းကောင်း၊ ကျော်သူ (ရေခဲမုန့်/ကိတ်မုန့်) စားသောက်ဆိုင်သို့ သွားရောက် ကာ COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်၍ စားသုံးသူများလာရောက် စားသုံးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးဦးတင်လတ်သည် (၂၁-၆-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့သို့ သွားရောက်ကာ High Class စားသောက်ဆိုင်တွင် Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်၍ စားသုံးသူများလာရောက် စားသုံးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍မကွေးမြသလွန် ဘုရားသို့သွားရောက်ကာ ဘုရား ဂေါပကဖွဲ့အား တွေ့ဆုံ၍ အလှူငွေများပေးအပ် လှူဒါန်းခဲ့ပြီး Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဘုရားကြီးပြန်လည်ဖွင့်လှစ်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။ ၎င်းနောက် ကံ့ကော်တစ်ထောင်ဘုရားသို့ သွားရောက်၍ ဆရာတော်၏ သြဝါဒများခံယူကာဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီး ဉီးတင်လတ်သည် မကွေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမြင့်အောင်နှင့် ဌာနဆိုင်ရာများ၊ ခရီးစဉ် ဒေသစီမံခန့်ခွဲမှုကော်တီ Destination Management Organization (DMO) တွင် ပါဝင်မည့် သူများနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဦးတင်လတ်က COVID အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရာတွင် ပြည်တွင်ခရီးသွားလုပ်ငန်းကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်၍ ခရီးစဉ် ဒေသများ၊ ဘုရားများ၊ စေတီပုထိုးများပြန်လည်ဖွင့်လှစ်ရာတွင် ခရီးသွားများဘေးကင်းလုံခြုံ စေရန် သတ်မှတ်စည်းကမ်းများ၊ Social Destination သတ်မှတ်ချက်များကို လိုက်နာ၍  ပြည်တွင်းခရီးသွားများ စနစ်တကျ သွားလာ လည်ပတ်ရေးကို ထိထိရောက်ရောက် ကြပ်မတ် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်သည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏ စီမံမှုဖြင့် ခရီးစဉ်ဒေသစီမံခန့်ခွဲ့မှုကော်မတီ (DMO) များကို လိုအပ်သလို ဖွဲ့စည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းခရီးသွားများ ခရီးစဉ်ဒေသအတွင်း အချိန်ကြာကြာ အပန်းဖြေ လည်ပတ်နိုင်ရန် ဆက်စပ်ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေး၊ ရှိပြီး သား ခရီးစဉ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်လမ်းကြောင်းအသစ် (New Package ) များ ရေးဆွဲရေး တို့ကို DMO များမှ အကောင်အထည်ဖော် ဆောင်ရွက်ရန်  ရည်ရွယ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက် ရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် DMO ဖွဲ့စည်းရာတွင် သက်ဆိုင်ရာဒေသအာဏာ ပိုင်များ၊ လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများဖြင့် ဖွဲ့စည်းရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားပါသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမြင့်အောင်နှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ DMO တွင် ပါဝင်မည့်သူများ နှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ပခုက္ကူ၊ မင်းဘူးခရိုင်(၂)ခုနှင့် ပွင့်ဖြူ၊ မြိုင်မြို့နယ် (၂) ခုတို့တွင် DMO များ ဖွဲ့စည်းနိုင်ရေးဆောင်ရွက် ထားမှုများ၊ ခရီးသွားလုပ်ငန်း ပြန်လည်စတင် ရာတွင် အသင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင် ဆောင် ရွက်နေမှုများ၊ ဟိုတယ်များစားသောက်ဆိုင်များနှင့်  ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများ COVID -19 ကာကွယ်ရေးဆိုင်ရာသတ်မှတ်ချက်များ၊ Social Distancing ဆိုင်ရာ သတ်မှတ်ချက် များနှင့်အညီ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Padartha Hotel နှင့် Riverview Hotel သို့ သွားရောက်ကာ COVID -19 တားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ Selection စားသောက်ဆိုင်သို့ သွားရောက်ကာ COVID -19 ကာကွယ်ရေးဆိုင်ရာ သတ်မှတ် ချက်များ၊ Social Distancing ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ စားသုံးသူများ လာရောက်စားသုံးနေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။