Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဉီးတင်လတ် ကယားပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ ဇွန်လ (၂၈) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဉီးတင်လတ်သည် COVID-19 အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် ပြည်တွင်းခရီးသွားများဘေးကင်းလုံခြုံစွာ သွားလာ လည်ပတ်နိုင်ရန် (၂၇-၆-၂၀၂၀) ရက်နေ့နံနက်ပိုင်းတွင်ကယားပြည်နယ်လွိုင်ကော်မြို့ရှိ Famous Hotelတွင်ကယားပြည်နယ်၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဉီးမော်မော်နှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ ကယားပြည်နယ်ခရီးစဉ်ဒေသဆိုင်ရာကော်မတီ Destination Management Organization (DMO) အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ သက်ဆိုင်ရာနယ်မြေအလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) များကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်ရေးကိစ္စရပ်များ၊ COVID-19  ကပ်ရောဂါကြောင့် ရပ်တန့်သွားသည့် ခရီးသွား လုပ်ငန်းကို ပြန်လည်စတင်နိုင်ရန် COVID-19  မြန်မာ့ခရီးသွားမဟာဗျူဟာ လမ်းပြမြေပုံအား ဝန်ကြီး ဌာနမှ စိစစ်ရေးဆွဲထားမှုများနှင့် Tourism National Guidelines For COVID-19  Safe Services (Beta Version- IV) ကို ထုတ်ပြန်ထားမှုများ၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ New Normal အနေဖြင့် ပြန်လည် ဖွင့်လှစ်နိုင် ရေးအတွက် ခရီးသည်များဘေးအန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်ချက်များ၊ Social Distancing ဆိုင်ရာလုပ်ငန်းစဉ်များဖြင့် တဆင့်ချင်းဆောင်ရွက်ရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီ၏ စီမံမှုဖြင့်ဒေသအာဏာပိုင်များ၊ လုပ်ငန်းရှင်များနှင့်မြို့မိမြို့ဖများ ပူးပေါင်းပါဝင်သည့် DMO များကိုခရီးစဉ်ဒေသအလိုက် လိုအပ် သလို ဖွဲ့စည်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။

ဒုတိယဝန်ကြီးသည် မွန်းလွဲပိုင်းတွင် Loikaw City Restaurant နှင့် Red Dynasty Restaurant သို့ သွားရောက်ကာ COVID-19 ကူးစက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်၍ စားသုံးသူများ လာရောက်စားသုံးနေမှု အခြေအနေများကိုလည်းကောင်း၊ လက်ရှိတွင် ကယားပြည်နယ် အတွင်းဟိုတယ်(၂၄)လုံး ပြန်လည်ဖွင့်ထားရှိပြီးဖြစ်ရာ Keinnara Loikaw Hotel ၊ Royal Naung Yah Hotel နှင့်Hotel Myat Nan Tawတို့၏ COVID-19  ကူးစက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ခရီးသွား ဧည့်သည်များ တည်းခိုနေထိုင်ရေး ဖွင့်လှစ်ဆောင်ရွက်ထားမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဗုဒ္ဓဉယျာဉ်တော်အတွင်း ချယ်ရီပင်စိုက်ပျိုးထားရှိမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးပြီးနောက် သီရိမင်္ဂလာတောင်ကွဲစေတီသို့ သွားရောက်ကာ ဘုရားဂေါပက အဖွဲ့များနှင့်တွေ့ဆုံ၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး Social Distancing ဆိုင်ရာ သတ်မှတ်ချက်များ နှင့်အညီ စေတီတော်ပြန်လည်ဖွင့်လှစ်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီးနောက် Christ the King Catholic Church သို့သွားရောက်ကာ ကျောင်းထိုင်ဘုန်းတော်ကြီး နှင့်တွေ့ဆုံပြီး Church ကျောင်းအတွင်းဘုရားဝတ်ပြုနိုင်ရေး Social Distancing ဆိုင်ရာ သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှုတို့အားကြည့်ရှုခဲ့ပြီး အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လွိုင်ကော်ရုံးခွဲအား စစ်ဆေး၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်များကို အားကြိုးမာန်တက် တာဝန်ထမ်းဆောင်ရန် မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။