Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ် ပုဂံမြို့ရှိခရီးစဉ်ဒေသများသို့ ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ ဇူလို​င် ၁၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့နံနက်ပိုင်း တွင် ညောင်ဦးခရိုင် ပုဂံမြို့သို့သွားရောက်ကာ အပယ်ရတနာဘုရားတွင် Bagan Plastic Campaign အဖွဲ့နှင့်အတူ ဧည့်လမ်းညွှန်များအသင်း၊ ဟိုတယ်နှင့် လုပ်ငန်းရှင်များအသင်း၊ အရိန္ဒမာမြင်းစီး အသင်း၊ ညောင်ဦးသံတဲဟိုတယ်မှ ဝန်ထမ်းများ၊ ပုဂံစည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့များ၊ Tourism Police တပ်ဖွဲ့ဝင်များ၊ ပုဂံဒေသအခြေပြု Balloon ကုမ္ပဏီများမှဝန်ထမ်းများ အင်အား (၃၀၀) ကျော်တို့မှ ပလတ်စတစ်အမှိုက်အပါဝင် အခြားအမှိုက်များ ရှင်းလင်းနေမှုအား ကြည့်ရှု အားပေးသည်။ အဆိုပါ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဒေသအား Bagan Plastic Campaign ကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လေ့ ရှိကြောင်း သိရသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဌာနဆိုင်ရာများနှင့်အတူ ခရီးစဉ် ဒေသစီမံခန့်ခွဲ ရေးကော်မတီ Destination Management Organization (DMO) အဖွဲ့၊ Bagan Plastic Campaign အဖွဲ့၊ စက်လှေအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့တို့အား တွေ့ဆုံ၍ ခရီးသွားဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာလည်ပတ်နိုင်ရေး ပုဂံခရီးစဉ်ဒေသ၊ သန့်ရှင်းသာယာလှပရေးနှင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးတင်လတ်သည် ပြန်လည်ဖွင့်လှစ်ထားသည့် သရပါ ဟိုတယ်၊ အမတဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်များ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများ၊ Physical distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်၍ ဧည့်သည်များလာရောက်တည်းခိုမှု အခြေအနေများကို လှည့် လည်ကြည့်ရှု စစ်ဆေးခြင်း နှင့် ဟိုတယ်ဇုန် အမှတ်(၄)သို့ သွားရောက်ကာ ဟိုတည်များတည် ဆောက်ထားမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ နေ့လယ်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးတင်လတ်နှင့် ချောက်မြို့နယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ စလေမြို့ လူထုအခြေပြု ခရီးသွားလုပ်ငန်း၊ (CBT)ဆောင်ရွက်နေသော မကျည်းကန် ကျေးရွာသို့ သွားရောက်ကာ ခရီးသွား လုပ်ငန်းပြန်လည်စတင်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်မှု အခြေအနေ၊ ခရီးသွားများအား ဝန်ဆောင်မှုပေးရာတွင် သန့်ရှင်းသပ်ရပ်စွာ ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ Physical distancing ဆိုင်ရာ သတ်မှတ်ချက် များနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအ နေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။ ယင်းနောက် ဒုတိယဝန်ကြီးဦးတင်လတ်နှင့်အဖွဲ့သည် ခရီးစဉ်ဒေသအသစ်ဖော်ဆောင်နိုင်ရေး အခြေအနေများကို ချောက်မြို့နယ်၊ ပခန်းငယ်(ပုဂံငယ်) ကျေးရွာရှိ ဘုရားအမှတ်(၆၅)ရှင်ပင်ကာစီး ဘုရားသို့လည်းကောင်း၊ ဘုရားအမှတ် (၆၄) ပုဂံမျှော်ဘုရား သို့လည်းကောင်း၊ ဘုရားအမှတ်(၅၈) ရှင်ပင်ရွှေသာမောင်းဘုရား သို့လည်းကောင်း၊ဘုရားအမှတ်(၂၄) ဇက်စုံဘုရားသို့လည်းကောင်း၊ ဥယျာဉ်ကျေးရွာရှိ ဘုရားအမှတ်(၈၈) ရှင်ပင်စာကြိုဘုရားသို့လည်းကောင်း သွားရောက်ခါ ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြန်လည် ဖွင့်လှစ်သည့်အခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များ၊ သတ်မှတ်သည့်စည်းကမ်းချက်များလိုက်နာဆောင်ရွက်ရန်နှင့် Physical Distancing စနစ်ဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေးတို့အတွက် စနစ်တကျကြီးကြပ် ဆောင်ရွက်သွားရန် စသည်တို့ကို အကြံပြုဆွေးနွေးပြီး ဥယျာဉ်ကျေးရွာ၊ဘုရားအမှတ်(၈၈) ရှင်ပင်စာကြိုမြတ်စွာဘုရားကြီးအတွက် အလှူတော်ငွေများ လှူဒါန်းရာ ယင်းဂေါပကဉက္ကဌဦးလှသောင်းကလက်ခံရယူခဲ့သည်။ ဆက်လက်၍ စလေပန်းပုရုပ်စုံကျောင်းပြတိုက် အလှူရှင် ဦးဘိုးကြည်နေအိမ်နှင့် Salay House သို့ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။