Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ် ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ ဇူလိုင်လ (၂၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ် ပြည်တွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသများအား ကွင်းဆင်းစစ်ဆေးရာ (၁၉-၇-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၄ မိုင် ၂ ဖာလုံရှိ Swiss-Myanmar Orchards Eco Resort နှင့် လှည်းကူးမြို့နယ် ရေကျော်ကျေးရွာရှိ Mother Earth Organic Farm သို့ သွားရောက်ကာ Eco-tourism နှင့် Farm Tourism ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်နိုင်မှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနပိုင် မြေနေရာနှင့် ပန်းဘဲတန်းမြို့နယ်ရှိ ဝန်ကြီးဌာနပိုင် အဆောက်အဉီနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဉီးတင်လတ်သည် (၂၀-၇-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ခရီးစဉ် ဒေသစီမံခန့်ခွဲရေးကော်မတီ (DMO) အဖွဲ့ဝင်များအား ရန်ကုန်မြို့ရှိ Center for Tourism Development ၌ တွေ့ဆုံရာ တွေ့ဆုံပွဲသို့ ကျောက်တန်းမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဉီးတင်လတ်က COVID-19 အလွန်ကာလတွင် ခရီးသွား လုပ်ငန်း ပုံစံအသစ်ဖြင့် ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဉီးစားပေး အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ဝန်ကြီးချုပ် ဉီးဆောင်သော ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများက သက်ဆိုင်ရာဒေသ၏ လိုအပ်ချက်အပေါ်မူတည်၍ ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီများ (DMO) များကို ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေများကို ဒေသခံများက ပိုမိုသိရှိသည့်အတွက် DMO များဖွဲ့စည်းရာတွင် အဖွဲ့ဝင်များတွင် ဒေသအာဏာပိုင်များနှင့်အတူ ဒေသခံ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းလုပ်ကိုင်နေသူများ၊ မြို့မိမြို့ဖများကို ပါဝင်ဖွဲ့စည်းနိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ DMO အနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ခရီးသည်များဘေးအန္တရာယ်ကင်းရှင်းရေး၊ ခရီးစဉ်ဒေသ ဖွံ့ဖြိုးရေးနှင့်အသစ်ဖော်ဆောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဆက်စပ်ဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များကို ပေါင်းစပ်ကာ Tourism National Guideline For COVID-19 Safe Services ကို ပြုစုထုတ်ပြန်ထားပြီးဖြစ်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ၊ ခရီးသွား ဧည့်သည်များ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရန် DMO များမှ ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၊ DMO အဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ရေး ဆောင်ရွက် နေမှုအခြေအနေများ၊ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းများကို COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ ‌သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဉီးတင်လတ်သည် ကျောက်တန်းမြို့နယ် အမှတ် (၂)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ကျောက်တန်း မြို့နယ် စံပြကျေးရွာရှိ ဓာတ်ပေါင်းစုဆုတောင်းပြည့် ရွှေဘုံသာစေတီတော်၊ သံတဲကျေးရွာရှိ မီးပြ တိုက်များသို့ သွားရောက်ကာ ခရီးစဉ်ဒေသအသစ်ဖော်ဆောင်နိုင်မှုအခြေအနေများ၊ လူထု အခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘုရား ဂေါပကထံသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပီလခတ်ကျေးရွာရှိ ပီလခတ်စရီအန်ဂါလဲအိစ်ဝရီ- စရီမဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရားကျောင်းနှင့် ပါဒကြီးစံပြကျေးရွာရှိ  ဆုတောင်းပြည့်ပါဒကြီး ငါးထပ် ဘုရားကြီးသို့သွားရောက်ကာ COVID-19 ကာကွယ် တားဆီးရေးဆိုင်ရာသတ်မှတ်ချက်များ၊ Physical Distancing နှင့်အညီ ဘုရားများပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။