Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဉီးအုန်းမောင် လူဇင်ဘတ်ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီမှ စီမံကိန်းတာဝန်ခံနှင့်အဖွဲ့အား Video Conferencing ဖြင့် တွေ့ဆုံ

နေပြည်တော်၊ ဇူလိုင်လ (၂၈) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ လူဇင်ဘတ်ဖွံ့ဖြိုးမှုအေဂျင်စီတို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYA/001 မှ ရန်ကုန်မြို့ရှိ Project Support Office မှ Chief Technical Coordinator ဖြစ်သူ Mr.Geert De Bruycker နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နေပြည်တော်မှ Video Conferencing ဖြင့် တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ညိှနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက Online မှ ပါဝင်တက်ရောက်ကြပြီး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက COVID-19 အလွန်ကာလ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် Myanmar Tourism Strategic Recovery Road Map ကို ကျွမ်းကျင်ပညာရှင်များဖြင့် ရေးဆွဲရေးကို စီမံကိန်းမှ တာဝန်ယူဆောင်ရွက်ရေး နှင့် Road Map ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် အပြီးရေးဆွဲ ထုတ်ပြန်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် သင်တန်းများကို On Campus သင်ကြားခြင်းအား ရပ်နားထားစဉ် ကာလအတွင်း Online မှတဆင့် သင်တန်းများ စီစဉ်ဆောင်ရွက်ရေး၊ ဝန်ကြီးဌာန၏ Center for Tourism Development (CTD) ကို ပြည်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ CTD တွင် နည်းပြ ဆရာအဖြစ် သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုအခြေအနေများကို ဆွေးနွေးမှာကြားရာ စီမံကိန်း တာဝန်ခံ Mr.Geert De Bruycker မှ လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ထံ တင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက Myanmar Tourism Strategic Recovery Road Map Guideline ရေးဆွဲထားရှိမှုအခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။